ပြည်မြို့တွင် စုံတွဲတစ်တွဲကို စစ်သားသုံးယောက် (တပ်ပြေးဖြစ်နိုင်)က လူသတ်ပစ္စည်းလု


ဧပြီလ ၂၄ရက်နေ့၊ ၂၀၁၃ခုနှစ်
၂၃.၄.၂၀၁၃ ရက်နေ့ ည ၈း၃၀ ခန့်အချိန်၌ ပြည်မြို့ န၀ဒေးတံတားအောက်ရှိ ရှုခင်းသာတွင်စုံတွဲတစ်တွဲကို စစ်သားသုံးယောက်မှ လုယက်မှုဖြစ်ပွား ခဲ့ပါတယ်။

ကောင်လေးကတော့ လည်ပင်းကို လိမ်ချိုးခံထားရပြီး ရေထဲ သို့ ပြုတ်ကျနေပါတယ်။ ကောင်မလေးသည် ကြောက်လန့်အော်ဟစ်သဖြင့် အနီးအနားရှိ ရပ်ကွက်သူ ရပ်ကွက်သားများက ရောက်ရှိလာသဖြင့်စစ်သားသုံးယောက်
ထွက်ပြေးသွားကြပါတယ်။

ရဲစခန်းသို့အကူအညီတောင်းရာ အမှတ်(၂) စခန်းမှ တာဝန်ကျ ဒုရဲအုပ် ဆန်းဦးနှင့် ရဲများရောက်ရှိလာပြီး တရားခံကို လိုက်လံရှာဖွေကြပါတယ်။ ရပ်ကွက်ထဲမှ လူများနှင့် ရဲများ၏ ရှာဖွေမှုကြောင့် ထွက်ပြေးသွားသောစစ်သားသုံးယောက်ထဲမှ နှစ်ယောက်ကို ဖမ်းမိပါတယ်။
တရားခံများသည် လက်နက်များလည်း ကိုင်ဆောင်ထားကြပါတယ်။ ထိုအချိန် စစ်ဗိုလ်တစ်ဦးရောက်ရှိလာပြီး တပ်ပြေးများ လိုက်လံဖမ်းဆီးနေတာ ယခု တော့ မိပြီဆိုပြီး အဖမ်းခံထားရ
သော စစ်သားနှစ်ယောက်ကို ရဲလက်ထဲမှ တောင်းရမ်းပါတယ်။
ဒါ ရဲမှုခင်းဖြစ်တယ်လို့ပြောပေမယ့် စစ်တပ်နဲ
့သာဆိုင်တယ်ဆိုသဖြင့် တရားခံနှစ်ဦးလွှဲပြောင်းပေးလိုက်ရပါတယ်။ ကောင်လေးအလောင်းကို ရေထဲတွင် ရှာဖွေတွေ့ရှိပြီး လည်ပင်းလိမ်ချိုးထားသော ဒဏ်ရာကြောင့် သေဆုံး သွားပြီဖြစ်ပါတယ်။
မြို့သူမြို့သားများသည် တပ်မတော်သားများ မြို့လယ်ခေါင်တွင် လက်နက်ဖြင့် အနုကြမ်းစီး ဓါးပြတိုက် လူသတ်ခဲ့တဲ့ ဖြစ်ရပ်အတွက် မကျေနပ်နိုင်ကြပဲ ညတွင်း ချင်းပင် အမှတ်(၂) ရဲစခန်းတွင် စုရုံးကြကာ တရားခံများအား ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးကတော့မည်သူပင်ဖြစ်စေ ပြစ်မှုကျူးလွန်သဖြင့်ဖမ်းဆီးအရေးယူသွား
မည်ဖြစ်ကြောင်း ပြန်လည်
ဖြေကြားခဲ့ပါတယ်။

Posted From Pon Nya

Published with Blogger-droid v2.0.10

SHARE THIS