ကန်စွန်းဥ ပြုတ်ရာမှ မီးလောင်မှု ဖြစ်ပွား

စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင် မြို့နယ် ဇီးတော ကျေးရွာ နေအိမ်တစ် အိမ်၌ ဧပြီ ၆ ရက် မွန်းလွဲ ၁ နာရီက ကန်စွန်းဥ ပြုတ်ရာမှ မီးလောင် မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဘုတလင်မြို့နယ် ဇီးတော ကျေးရွာနေ ဒေါ်ခင်မာအေး ၅၂ နှစ် (ဘ) ဦးဖိုးညွန့်သည် နေအိမ်၌ ကန်စွန်းဥ ပြုတ်ရာမှ မီးစတင် လောင်ကျွမ်းရာ ကျေးရွာသူ ကျေးရွာသားများ၊ ဘုတလင် မြို့နယ်၊ မုံရွာ မြို့နယ်များမှ မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် များဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီခွဲတွင် မီးငြိမ်း သွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး၊ ဝက် ငါးကောင် ဆုံးရှုံးခဲ့၍ အိမ်ထောင်စု ၁၅ စုမှ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၈ဝ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဘုတလင် မြို့နယ် ရဲစခန်းမှ ဒေါ်ခင်မာအေးအား (ပ)အမှတ် ၈၆/၂ဝ၁၃၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မြဝတီ

http://bit.ly/12DUeE9

SHARE THIS
Previous Post
Next Post