မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် စတုတ္ထ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်လျက်ရှိ

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် စတုတ္ထ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း တောင်ကိုရီးယား အရာရှိများမှ ပြောကြားလျက် ရှိပါသည်။

မြောက်ကိုရီးယား နိုင်ငံ၏ အဓိက နျူကလီးယား စမ်းသပ်ရေး ဧရိယာ၌ လှုပ်ရှား ဆောင်ရွက်မှုများ တိုးမြှင့်လျက် ရှိကြောင်း တောင်ကိုရီးယား ပြန် လည် ပေါင်းစည်းရေး ဝန်ကြီး Ryoo Kihl-jae က ဥပဒေပြု အမတ်များသို့ ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား အရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍Joong Ang II bo သတင်းစာမှ ဖော်ပြ ခဲ့ပါသည်။

အမေရိကန် နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့အား ဆန့်ကျင်၍ မြောက်ကိုရီးယား နိုင်ငံ၏ ခြိမ်းခြောက် ပြောဆိုမှုများ တိုးမြှင့် လာခဲ့ပြီးနောက် အထက်ပါ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

http://bit.ly/ZKIGen

SHARE THIS
Previous Post
Next Post