သံတွဲ ဆန္ဒပြပွဲ ခွင့်ပြုချက် ပယ်ချခံရသဖြင့် ခေါင်းစဉ်ပြောင်း၍ ထပ်တင်

ဧပြီလ ၀၄ ရက်၂၀၁၃ ခုနှစ်

ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှု
ရှိစေရေးအတွက် ဧပြီလ ၄ ရက်နေ့ သံတွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆန္ဒပြပွဲအား မြို့နယ်မှ ပယ်ချလိုက်သဖြင့် ခေါင်းစဉ် ပြောင်း၍ ယနေ့ ခွင့်ပြုချက် ထပ်တင်လိုက်ကြောင်း ဦးဆောင် စီစဉ်သူများ က ဆိုသည်။

မတ်လ ၂၉ ရက်နေ့က သံတွဲမြို့နယ် ရဲမှူးထံ တင်ပြထားသည့် ဆန္ဒပြခွင့်ကို “ဧပြီ ၂ ရက်နေ့မှာပယ်ချတယ်။ပယ်ရတဲ့အကြောင်းရင်းက ယခင်တောင်းဆိုထားတဲ့ စီရင်ချက်ချဖို့ နှောင့်နှေးနေတဲ့အမှု ၁၁ မှုကို တရားရုံးက အားလုံး စီစဉ်ထားပြီး ဖြစ်တယ်။ ရခိုင်အမျိုးသမီးတဦး မုဒိမ်း
ကျင့်ခံရတဲ့ အမှုကိုလည်း ဧပြီလ ၈
ရက်နေ့မှာစီရင်ချက်ချတော့မယ်လို့ မြို့နယ်ရဲ တပ်ဖွဲ့မှူး ဦးထွန်းရွှေက ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ အစည်းအဝေး ထိုင်ပြီး တောင်းဆိုချက်တွေကို ပြောင်းလဲခဲ့
တယ်” ဟု သံတွဲလူမှုကွန်ယက်မှ ဦးမြင့်မိုး ကပြောသည်။

ဧပြီလ ၉ ရက်နေ့တွင် ဆန္ဒပြခွင့်ရရန် ထပ်မံ
တင်ပြထားကြသည်။ တရားဥပဒေ စိုးမိုးရေး
အပါအဝင်၊ ကျေးရွာ လုံခြုံရေး၊ ဧည့်စာရင်း စစ်ဆေးရေးနှင့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည် ဖော်ရေးဟူ၍ အချက် ၄ချက်ပါဝင်ကြောင်း စီစဉ်သူများက ဆိုသည်။

ထိုဆန္ဒပြပွဲတွင် လူ ၂၀၀ ခန့်ပါဝင်မည်ဟု ဆိုသည်။

From  : Mizzima

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post