အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့
ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါရောင်ခြည် မြန်မာနိုင်ငံအပေါ် ကျရောက်ခြင်းကို တိုင်းတာချက်များအရ ပြီးခဲ့သည့် နှစ်များတွင် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသ တို့တွင် အညွှန်းကိန်း ၈ မှ ၁၀ အထိ သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလဆန်းမှ လက်ရှိအထိ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သော တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အညွှန်းကိန်းပြင်းအား ၁၂ အထိ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ထပ်မံ၍လည်း မြောက်ပိုင်းဒေသများပါ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်း ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက်နိုင်ခြင်းကြောင့်