မစ္စတာကင်တားနား မြန်မာကိုယ်စားလှယ် အဖြစ် မရှိသင့်တော့ဟု ဦးသိန်းညွန့်ဆို

ရန်ကုန်၊ ဧပြီ ၄။
အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်
တွင် လက်ရှိ အစိုးရ ပါဝင်ပတ်သတ်မှု ရှိသည်ဟု ပြောကြားခဲ့သော ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှည် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားသည်မြန်မာပြည်ကိုယ်စား
လှယ်အဖြစ်မရှိသင့်တော့ဟု ယူဆ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

မတ်လအတွင်း ဖြစ်ပွားခဲ့သော မြန်မာပြည်
အလယ်ပိုင်း အဓိကရုဏ်း အကြမ်းဖက်ဖြစ်
စဉ်များ၏ နောက်ကွယ်တွင် လက်ရှိအစိုးရ
ပါဝင်ပတ် သတ်မှု ရှိသည်ဟု မစ္စတာကင်
တားနားက မတ်လ ၂၉ ရက်နေ့တွင် စွပ်စွဲပြောကြားခဲ့သည်။
ယင်းကဲ့သို့ စွပ်စွဲပြောကြားချက်များနှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ်
ဥက္ကဌ ဦးသိန်းညွန့်က လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွေမှာ မမှန်မကန်ရပ်တည်နေတဲ့ အင်အားစုတွေက ပေးတဲ့ အချက်
အလက်တွေ မခိုင်မာတဲ့အချက်တွေနဲ့ စွပ်စွဲခြင်းဟာ အလွန်မှား ယွင်းသော လုပ်ရပ်ပါဟု ဆိုသည်။
“မစ္စတာ ကင်တားနားက ရှေ့နေတစ်ယောက်ပဲ။ ရှေ့နေဆိုတာ မှန်မှန်ကန်ကန် အချက်အလက်ယူသင့်ပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး
ကာလတွင် တားဆီးနေသူများ၊ မိမိအာဏာရရန်အတွက် ပြည်သူ့အသက် အိုးအိမ်ကိုချနင်းရန် ဝန်မလေးသော သူများလည်း ရှိနေကြောင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများသည် တိုင်းပြည်အေးချမ်းသာယာမှသာ လုပ်ဆောင်နိုင် ကြောင်း၊ အစိုးရမှာ
လက်ရှိအာဏာရှိနေ၍ ယင်းကဲ့သို့ အခြေ
အနေမျိုးကို အဖြစ်မခံနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အရေးနှင့် ပတ်သတ်လာပါ က မှန်မှန်ကန်ကန် မသုံးသပ်နိုင်သော အချက်အလက်မှန်မှန်ကန်ကန် မရှိသော မစ္စတာကင်တားနားသည် မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် မရှိသင့်တော့ပါဘူးဟု ဦးသိန်းညွန့်က ပြောသည်။

မစ္စတာ ကင်တားနားသည် ၂၀၁၂ ခုနှစ် အ
တွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးနှင့် ပတ်
သတ်၍ အစီရင်ခံစာတင်သွင်းရာတွင်လည်း ပြည်တွင်း အဖွဲ့အစည်းအများအပြား၏
ဝေဖန်ကန့်ကွက်မှု ခံခဲ့ရသေးသည်။

မြန်မာ့ခေတ်

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post