အာကာသသို့ အလည်အပတ် ခရီးထွက်ရန် စဉ်းစားနေသည့် မင်းသားကြီး တွမ်ခရုစ်

Thursday, April 4, 2013
ဟောလီးဝုဒ် အကျော်အမော် တစ်ဦးဖြစ်သူ မင်းသားကြီး တွမ်ခရုစ်သည်
နစ်နာရီကြာမည့် အာကာသ အလည်အပတ် ခရီးစဉ်တွင် Virgin Galactic အာကာသယာဉ်ဖြင့် လိုက်ပါနိုင်ရန်အတွက် စဉ်းစားလျက် ရှိကြောင်း သိရသည်။

မိမိ အနေဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အခြားဂြိုဟ်များသို့ အလည်အပတ်
သွားရောက် နိုင်မည်ဟု ငယ်စဉ် ကလေးဘဝ အရွယ် ကတည်းက
မျှော် လင့် ခဲ့ကြောင်းနှင့် အခြား နာမည် ကြီး
သရုပ်ဆောင် တစ်ဦးဖြစ်သူ
အက်ရှ်တန်ကက်ချာ၏ အစီအစဉ် အတိုင်း ဆောင်ရွက်ရန် စဉ်းစားလျက် ရှိကြောင်း တွမ်ခရုစ်က ၎င်း၏ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် Oblivion ဇာတ်ကားကြီး၏ အရောင်း မြှင့်တင်ပွဲ အခမ်းအနားတွင်
ပြောကြားခဲ့သည်။ "The two and a Half
Men" ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင် ခဲ့သည့် အက်ရှ်တန်သည် ယင်းအာကာသ ခရီး စဉ်တွင် လိုက်ပါရန် ပေါင် ၁၃ဝဝဝဝဖြင့် ကြိုတင်နေရာ မှာယူထားပြီးဖြစ်သည်။

မြ၀တီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post