မင်းပြားမြို့ ပေါ်ရှိ သမိုင်းဝင်ကျိန်းတောင်ဇီဝှာ ဓါတ်တော်၏ ဗုဒ္ဓပူဇနိယပွဲတော်အား အစဉ်လာမပျက် ကျင်းပမည်
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ပေါ်ရှိ
သမိုင်းဝင်ကျိန်းတောင်ဇီဝှာဓါတ်တော်၏ ဗုဒ္ဓပူဇနိယပွဲတော်အား ယခင်နှစ်များကဲ့သို့ ပင် အစဉ်လာမပျက်ကျင်းပသွား
မည်ဖြစ်ကြောင်းကျိန်းတောင်ဇီဝှာ
ဓါတ်တော်၏ ဂေါပကအဖွဲ့ မှ
ပြောကြားချက်အရ သိရသည်။
သို့ သော် ယခင်နှစ်များကဲ့သို့ 
ပွဲတော်ရက်မှာ (၅)ရက် မဟုတ်ဘဲ
(၃)ရက်သာ ကျင်းပခွင့်ရသဖြင့်
ယခင်နှစ်များကဲ့သို့စည်ကားမည်မဟုတ
်ကြောင်း မြို့ သူ၊မြို့ သားများက ခန့်မှန်းပြောဆိုနေကြသည်ဟုလည်း ဂေါပကအဖွဲ့ မှ လေးမြို့ သို
့ပြောကြားပါသည်။
ပွဲတော်နေ့ ရက်များမှာ -
၁၃၇၅- ခုနစ် ၊ တန်းခူးလဆန်း (၉)ရက်မှ (၁၁)ရက်နေ့ ထိ { ၂၀၁၃ -ခုနစ် ၊ ဧပြီလ (၁၉)ရက်နေ့ မှ (၂၁)ရက်နေ့ ထိ} ဖြစ်ပြီး ပွဲတော်အစီအစဉ်များမှာ ပွဲတော်အစနေ့  အာရုဏ်တက်ချိန်တွင် ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇော်ခြင်း ၊
ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ခြင်း ၊ ပရိတ်တရားတော်မြတ်ကို ချီးမြင့်ပူဇော်ခြင်း ၊ သံင်္ယာ့ဒါန ဆွမ်းဆက်ကပ်လှုဒါန်းခြင်း တို့ ကို စည်ကားသိပ်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ အပြင်
နှစ်စဉ်ထည့်သွင်းကျင်းပလျှက်ရှိသည့် ရခိုင်ရိုးရာကျင်းပွဲကိုလည်းစည်ကားသိပ
်မြိုက်စွာ အစဉ်အလာမပျက်ကျင်းပသွား မည်ဖြစ်ရာ ထိုကျင်ပွဲအတွက် အကြီးတန်း ၊ အလယ်တန်း ၊ အငယ်တန်းဆုများကိုလည်း ထိုက်ထိုက်တန်တန်ချီးမြင့်သွားမည်
ဖြစ်ကြောင်း လေးမြို့ သို့ ပြောကြားသည်။
ထိုဆုများအား ဦးစံရွှေအောင် နှင့် ဇနီး ဒေါ်အေးအေးသန်း မိသားစု ၊
ညွှန်ကြားရေးမှူးချုပ် ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့ မှလှူဒါန်းသွား
မည်ဖြစ်ကြောင်း သိရသည်။
မာရုသူရ
Published with Blogger-droid v2.0.10
SHARE THIS