ကိုရဲမင်းဦးအား သာကေတ တရားရုံး၌ ပုဒ်မ ၁၅၃ဖြင့် ထပ်မံတရားစွဲ


ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)မှ အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦးအား ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိဗဟန်းတရားရုံး၌ ဒီကနေ့ ၂၀၁၃ခုနှစ် ဧပြီလ ၂၂ရက်နေ့ နေ့လည် ၁၁း၀၀အချိန်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရှိရပါသည်။ ကိုရဲမင်းဦးအား ဗဟန်းတရားရုံး၌ ရုံးမထုတ်ခင် သာကေတ တရားရုံးသို့ ခေါ်ဆောင်သွားပြီး ရုံးထုတ်ခဲ့သဖြင့် သာကေတတရားရုံးမှ ပုဒ်မ ၁၅၃ ဖြင့်ထပ်မံတရားစွဲဆိုထား
ကြောင်း သိရှိရပါသည်။

ကိုရဲမင်းဦးအမှုအားလိုက်လံဆောင်ရွက်ပေးနေသူတရားလွှတ်တော်ရှေ့နေဦးကျော်ဟိုးမှ ယခုအမှုတွင် တရားလိုပြသက်သေများမှာ လွတ်လပ်သော သက်သေများ မဟုတ်ဘဲ
အစိုးရသက်သေများ ဖြစ်သော မြို့နယ်ရဲမှူးများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်နေသောကြောင့်တရားလိုပြသက်သေ
များ ခိုင်လုံခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။
Burma VJ Media Network

Published with Blogger-droid v2.0.10

SHARE THIS