လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိ

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှော်ကား သဘာဝ ဓာတ်အားပေး စက်ရုံဝင်း အတွင်း အသစ် တည် ဆောက်နေသော ၅ဝ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ပေးသည်။

အဆိုပါ ၅ဝ မဂ္ဂါဝပ် စက်ရုံ စီမံကိန်းသည် ပထမအဆင့် ၇ဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်၍ မေ ၁၅ ရက်တွင် စက်များ စတင်လည်ပတ်ကာ လျှပ်စစ်ဓာတ်အား ၂၆ မဂ္ဂါဝပ် ထုတ် လုပ်ဖြန့်ဖြူး ပေးနိုင် တော့မည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရွာမ စက်ရုံဝင်းအတွင်း အသစ် တည်ဆောက်နေသော ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးအပ်သည့် Mitsubishi Gas Turbine ၂၄ဝ မဂ္ဂါဝပ် စက်ရုံ စီမံကိန်းနှင့် (4 MWx 13= 52 MW) စီမံကိန်း ဓာတ်အားပေး စက်များ တပ်ဆင် နေမှု တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရွာမစက်ရုံ ၂၄ဝ မဂ္ဂါဝပ် စီမံကိန်းသည် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ဆောင်ရွက်နေသော ရေတို စီမံကိန်း တစ်ခုဖြစ်သည်
မှ-မြ၀တီ

SHARE THIS