လက်ပံတောင်းဒေသခံနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွား


Thursday ,April25 ,2013
မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူလုပ်ကိုင်ဆောင်ရွက်နေကြတဲ့
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်တဲ့လက်ပန်းတောင်းဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ဒီကနေ့နေ့လည်က ပဋိပက္ခဖြစ်ပွားတာကြောင့် လူသုံးဦးအဖမ်းခံရပြီး၊ တစ်ဦးက သေနတ်ကျည်ထိမှန်ခဲ့ကာ ဒေသခံ ၁ဝ ဦးခန့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေတဲ့ ရန်ကုန်ပြည်သူ
့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးနဲ့ ဆည်တဲကျေးရွာသားနှစ်ဦးဖြစ်တဲ့ ကိုစိုးသူနဲ့ ကိုဆန်းကိုဆားလင်းကြီးရဲ
တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်မှာ လက်ပံတောင်းဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ရဲတပ်ဖွဲ့က ဖမ်းသွားတဲ့ ကိုအောင်စိုးကို ပြန်
လွှတ်ပေးဖို့ရွာသားတွေဝိုင်းတောင်းဆိုချိန်
မှာရဲတွေပေါ်ကို ခဲတွေကျလာလို့ ရဲတွေက သေနတ်နဲ့ ပြန်ပစ်တယ်။ မီးခိုးဗုံးတွေနဲ့ ပြန်ပစ်တယ်
”အခင်းဖြစ်ပွားချိန်မှာ အဲဒီနေရာကို ရောက်ရှိနေတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။RFA က နောက်ဆုံးရရှိတဲ့ သတင်းအရ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့ လက်နက်ထိမှန်လို့ မုံရွာပြည်သူ
့ဆေးရုံကြီးကိုတက်ရောက်ဆေးကုသမှုခံယူနေတဲ့ ကိုတင့်ဇော်ကိုအရေးပေါ်
ခွဲစိတ်နိုင်ခဲ့ပြီးအသက်အန္တရာယ်မရှိဘူးလို့ သိရပါတယ်။
ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့် ဖမ်းဆီးခြင်းခံရတဲ့ ကိုအောင်စိုးနဲ့နှစ်ဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို
တော့ RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

RFA News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post