ကသာမြို့အနီး ရွာတစ်ရွာတွင် ၁၅နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်မှု .ဖြစ်ပွား..

ကသာမြို့နယ်အပိုင်၊မိဿလင်းအုပ်စု၊ပန်းခါးတောင်တွင် အသက်၁၅နှစ် အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူမှအဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွား ခဲ့ပါ သည် ၊နောက်ဆုံးအဓမ္မပြုကျင့်မှုခဲ့မှာ ၂၃၊၄၊၁၃ရက်နေ့ ည(၁၂) နာရီ အချိန် တွင် .ဖြစ်သော်လည်း လွန်ခဲ့သည့် (၂)ပါတ်ကျော်ကပင် စတင်အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောငှ်းအဓမ္မပြုကျင့်ခံခဲ့ရသည့် သမီးအရင်းဖြစ်သူ မသိင်္ဂီ မှပြောပြပါသည်၊

လွန်ခဲ့သော(၂)ပါတ်ကျော်တွင်တစ်ကြိမ်၊သောကြာနေ့(ရက်မမှတ်မိ)က တစ်ကြိမ်၊၂၁၊၄၊၁၃ရက်နေ့ကတစ်ကြိမ်နှင့် ယခု၂၄ရက်နေ့ညတွင်တစ်ကြိမ် စုစုပေါင်း(၄)ကြိမ်ကျူးလွန်ခဲ့သည်ဟုရဲစခန်းတွင် ထွက်ဆိုသွားပါသည်၊
ဖခင်ဖြစ်သူဦးချစ်ငွေ၊မသိင်္ဂီနှင့် မောင်ဖြစ်သူတို့သည် ပန်းခါးတောင် ခြေရင်း တွင် တောင်ယာလုပ်ကိုင်စားသောက်နေကြပြီး မိခင်မှာ လွန်ခဲ့သည့် (၃)နှစ် က ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်၊၂၄ရက်နေ့ နံနက်တွငှ်အဓမ္မ .ပြုကျင့်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့မှုအပေါ် ကသာရဲစခန်းသို့လာရောက် တိုင်ကြားခဲ့ ပါသည်၊တိုင်ကြားမှုအရ ရဲအုပ်မျိုးခိုင်နှင့် ခရိုင်ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့ ၀င် များ၊ဒုရဲအုပ်ဌေးဝင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ပန်းခါး .တောင်ခြေ ရှိ ဦးချစ်ငွေနေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ ဦးချစ်ငွေမှ အဖမ်းမခံဘဲ
ပန်းခါးတောင်ပေါ်သို့ လက်တစ်ဖက်တွင် ဒါးကိုင်၍အခြားလက်တစ်ဖက်တွင် အရက်ပုလင်း(ဘလူးမောင်တန်ဗူးခွံဖြင့်ထည့်ထား)ကိုင်ပြီး တက်ပြေးခဲ့ ပါသည်၊ထိုဖြစ်စဉ်အပေါ်ရဲအုပ်မျိုးခိုင်မှ ဒါးမချပါက ပစ်ခတ်ဖမ်းဆီးမည် .ဖြစ်ကြောင်းခြောက်လန့်ဖမ်းဆီးခဲ့ရကြောင်းပြောပြပါသည်၊ တရားလို ၏ ပြောပြချက် အရ အဓမ္မပြုကျင့်သည့် အချိန်တိုင်းတွင် ဖခင်ဖြစ်သူမှာ အရက်သောက်စားထားလေ့ရှိကြောင်းသိရပါသည်၊ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာရဲစခန်းမှ (ပ)၁၀၈/၁၃ဖြင့် သတင်းပေးတိုင်ကြားချက်ရယူခဲ့ပြီး ပုဒ်မ၃၇၆အရ တရားစွဲဆိုတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည်။

ကသာမြို့အနီး ရွာတစ်ရွာတွင် ၁၅နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်မှု .ဖြစ်ပွား..

အေပြီ ၂၅ ရက် ၂၀၁၃

ကသာမြို့နယ်အပိုင်၊မိဿလင်းအုပ်စု၊ပန်းခါးတောင်တွင် အသက်၁၅နှစ် အရွယ် သမီးအရင်းကို ဖခင်ဖြစ်သူမှအဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွား ခဲ့ပါ သည် ၊နောက်ဆုံးအဓမ္မပြုကျင့်မှုခဲ့မှာ ၂၃၊၄၊၁၃ရက်နေ့ ည(၁၂) နာရီ အချိန် တွင် .ဖြစ်သော်လည်း လွန်ခဲ့သည့် (၂)ပါတ်ကျော်ကပင် စတင်အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောငှ်းအဓမ္မပြုကျင့်ခံခဲ့ရသည့် သမီးအရင်းဖြစ်သူ မသိင်္ဂီ မှပြောပြပါသည်၊

လွန်ခဲ့သော(၂)ပါတ်ကျော်တွင်တစ်ကြိမ်၊သောကြာနေ့(ရက်မမှတ်မိ)က တစ်ကြိမ်၊၂၁၊၄၊၁၃ရက်နေ့ကတစ်ကြိမ်နှင့် ယခု၂၄ရက်နေ့ညတွင်တစ်ကြိမ် စုစုပေါင်း(၄)ကြိမ်ကျူးလွန်ခဲ့သည်ဟုရဲစခန်းတွင် ထွက်ဆိုသွားပါသည်၊
ဖခင်ဖြစ်သူဦးချစ်ငွေ၊မသိင်္ဂီနှင့် မောင်ဖြစ်သူတို့သည် ပန်းခါးတောင် ခြေရင်း တွင် တောင်ယာလုပ်ကိုင်စားသောက်နေကြပြီး မိခင်မှာ လွန်ခဲ့သည့် (၃)နှစ် က ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်၊၂၄ရက်နေ့ နံနက်တွငှ်အဓမ္မ .ပြုကျင့်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့မှုအပေါ် ကသာရဲစခန်းသို့လာရောက် တိုင်ကြားခဲ့ ပါသည်၊တိုင်ကြားမှုအရ ရဲအုပ်မျိုးခိုင်နှင့် ခရိုင်ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့ ၀င် များ၊ဒုရဲအုပ်ဌေးဝင်းနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ပန်းခါး .တောင်ခြေ ရှိ ဦးချစ်ငွေနေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ ဦးချစ်ငွေမှ အဖမ်းမခံဘဲ 
ပန်းခါးတောင်ပေါ်သို့ လက်တစ်ဖက်တွင် ဒါးကိုင်၍အခြားလက်တစ်ဖက်တွင် အရက်ပုလင်း(ဘလူးမောင်တန်ဗူးခွံဖြင့်ထည့်ထား)ကိုင်ပြီး တက်ပြေးခဲ့ ပါသည်၊ထိုဖြစ်စဉ်အပေါ်ရဲအုပ်မျိုးခိုင်မှ ဒါးမချပါက ပစ်ခတ်ဖမ်းဆီးမည် .ဖြစ်ကြောင်းခြောက်လန့်ဖမ်းဆီးခဲ့ရကြောင်းပြောပြပါသည်၊ တရားလို ၏ ပြောပြချက် အရ အဓမ္မပြုကျင့်သည့် အချိန်တိုင်းတွင် ဖခင်ဖြစ်သူမှာ အရက်သောက်စားထားလေ့ရှိကြောင်းသိရပါသည်၊ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာရဲစခန်းမှ (ပ)၁၀၈/၁၃ဖြင့် သတင်းပေးတိုင်ကြားချက်ရယူခဲ့ပြီး ပုဒ်မ၃၇၆အရ တရားစွဲဆိုတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါသည် ၊(ဟာဂျူလီ-ကသာ)

SHARE THIS