မိုင်ဂျာယန်အကျဉ်းထောင်မှ အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေး

ကချင်ပြည်နယ်၊ မိုင်ဂျာယန်အကျဉ်းထောင်တွင် ဧပြီ(၂၃)ရက်နေ့က အကျဉ်းသားများမှ ထောင်ဖောက်ထွက် ပြေးမှုဖြစ်ပွားခဲ့ကြောင်း မိုင်ဂျာယန်မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများပြောဆိုမှုများအရ သိရသည်။

“ KIA အဖွဲ့က ဘိန်းစွဲနေတဲ့ အဖွဲ့ဝင်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ ဒေသခံတိုင်းရင်းသား တွေ (၆၀)လောက်ကို အဲဒီအကျဉ်းထောင်ထဲမှာ ချုပ်ထားတာ၊ ဘိန်းဖြတ်ပေးဖို့လို့ပြောပြီးချုပ်ထားတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေရှိတယ်၊
အဲဒီလူတွေက ဦးဆောင်ပြီး ထောင်ဖောက်တာနေမှာပေါ့၊ လွန်ခဲ့တဲ့ ၂ရက် ည(၁၁)နာရီ လောက်က ထောင်တံခါးကို ဖောက်ပြေးသွားတာ (၁၀)ဦးလောက်ရှိတယ်လို့ကြားတာပဲ၊ အခု KIA အဖွဲ့က ဒီအနီးဝန်းကျင်ရွာတွေမှာ သေနတ်ကိုင်ပြီး လိုက်ရှာနေတာတော့ မြင်နေရတယ်” ဟုမြို့ခံတစ်ဦးကပြောပြ သည်။

ထွက်ပြေးလွတ်မြောက်လာသောဒေသခံရွာသာတစ်ဦး၏ ပြောပြချက်အရ၎င်းအကျဉ်းထောင်အား ဖောက်ပြီး ထွက်ပြေးလာသော အကျဉ်းသားများတွင် KIA အဖွဲ့ဝင်(၃)ဦး၊ အရပ်သား(၆)ဦး စုစုပေါင်း(၉)ဦးရှိကြောင်း သိရှိရပါသည်။

အေပြီ ၂၅ ရက် ၂၀၁၃

SHARE THIS
Previous Post
Next Post