ပုသိမ်ခရိုင်သစ်ခိုးထုတ်မှုတွင် အစိုးရ၀န်ထမ်းများ ပါဝင်နေ


Thursday ,April25 ,2013

ပုသိမ်ခရိုင်အတွင်း၌ဖြစ်ပေါ်နေသောသစ်ခိုးထုတ်မှုများတွင်ရဲတပ်ဖွဲ့၊အစိုးရ၀န်ထမ်းအချို့ပါဝင်ပတ်သတ်မှုများရှိနေကြောင်း ကြားသိရသည်။

ယခုလ(၁၅)ရက်နေ့ညပိုင်းကရေကြည်မြို့နယ်အတွင်းသစ်ခိုးထုတ်နေသော ကားတစ်စီးကိုဖမ်းဆီးရာတွင် ဧရာဝတီတိုင်းအတွင်းရှိ ရဲတပ်သား တစ်ဦးမှာအဆိုကားပေါ်တွင် လိုက်ပါလာပြီးရေကြည်သစ်တောမှ ဖမ်းဆီးစဉ်ရဲတပ်သားမှာ ကားပေါ်မှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီးယခုအချိန်ထိသက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ၊ ထိုသစ်ခိုးထုတ်မှုများတွင် အစိုးရ၀န်ထမ်းအချို့လည်း ပါဝင်ပတ်သတ်မှုများရှိနေကြောင်းပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

“ဥပမာဗျာ သစ်ခိုးကားတွေမီးသွေးကားတွေဆိုရင် အစိုးရက ကောက်ခိုင်းတဲ့ သဘောမျိုးနဲ့ လိုင်းကြေးသဘော မျိုးကောက်တဲ့နေရာတွေ လည်းရှိတယ်။ဥပမာ-ပုသိမ်ကြိုးတံတားနား သံပါတ်ခွါလမ်းကအိမ်လေးတစ်အိမ်ဆိုရင် သစ်တင်တဲ့ကားတွေကအထာသိနေသလိုပဲ ၀င်ပေးနေကြရတယ်။ ပုသိမ်တံတားပေါ်ဖြတ်ရင်လည်းတံတားခတွေပေးရတဲ့အပြင် တံတားစောင့်ရဲကင်းကိုလည်းအပိုပေးရတာတွေရှိနေတယ်”ဟုပုသိမ်အနောက်ဘက်ကမ်းခြေဒေသမှ သစ်ကားများမောင်းနှင်နေသူတစ်ဦး ကပြောသည်။

ပုသိမ်အနောက်ဘက်ကမ်းခြေဒေသများဖြစ်သောသလပ်ခွါ၊သာပေါင်း၊ချောင်းသာ၊ငွေဆောင်နှင့် ငရုတ်ကောင်းမြို.နယ်ခွဲများအတွင်းမှခိုးထုတ်သူများ သည်ပုသိမ်မြို.ကြိုးတံတားမှ ၀င်ရောက်နေကာကြိုးတံတားစောင့်ရဲကင်း အပြင်သစ်တောဌာနနှင့်အခြားဌာနများ မှကောက်ခံနေသော ဂိတ်များကိုငွေကြေးပေးကာဖြတ်ကျော်ဝင်ရောက်နေကြောင်း သစ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှတဆင့်သိရသည်။

“သစ်ခိုးထုတ်မှုတွေဖြစ်နေတာမှာတချို့ထုတ်လုပ်တဲ့အဖွဲ့အစည်းတွေ ဆိုရဲဝန်ထမ်းတွေကပြဿနာ အတတ်ခံပြီးမရှင်းရဲတဲ့နောက်ခံအဖွဲ့အစည်း တွေဖြစ်နေတယ်။အဲ့တော့သူတို့ကလည်း ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအနေအထားတွေပဲလုပ်နိုင်ကြတာတွေရှိနေသေးတယ်” ဟုပုသိမ်ခရိုင်မှုခင်းသတင်းတပ်ဖွဲ့မှရဲအရာရှိတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်းကလည်းရေကြည်မြို့နယ်သစ်တောမှသစ်ခိုးထုတ်နေသာစက်လှေတစ်စီးကို လိုက်လံဖမ်းဆီးရာ နစ်မြုပ်သွားခဲ.သည်ကိုကျေနပ်မှုမရှိသောငြိမ်းချမ်းရေးရယူထားသည့် ကရင်လက်နက်ကိုင်အဖွဲ.အစည်းတစ်ခုက အင်အား(၁၉)ဦးနှင့် ယူနီဖောင်းနှင့်လက်နက်အပြည့်အစုံ ကိုင်ဆောင်ကာ ပုသိမ်မြို့သို့ရောက်ရှိပြီးပြဿနာများဖြစ်ပွါးခဲ့ ကာအပြန်ခရီးတွင်လည်း ကန်ကြီးဒေါင့်မြို့အ၀င်မှာရှိနေသော ရဲဘော်တစ်ဦးနှင့်ကန်ကြီးဒေါင့်ရဲတပ်ဖွဲ့မှရဲဘော်တစ်ဦးကို ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့မှုများဖြစ်ပွါးခဲ့ကြောင်း သိရှိရသည်။

တရားမ၀င်သစ်ခိုးထုတ်ခြင်းနှင့်သဘာဝပါတ်ဝန်းကျင်ပြုန်းတီးမှုတို့အတွက်နိုင်ငံတော်၏အစီအမံ များကိုနိုင်ငံတော်ကိုယ်စားဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ.မှလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျင်းပပြီးစီးခဲ့သည့် တိုင်းလွှတ်တော်တွင်တိုင်းဒေသကြီး၏လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှုးကြီးမောင်မောင်ဝင်း မှပြောဆိုခဲ့ပြီး နောက်ပုသိမ်ကြိုးတံတားအနီးရှိထင်းပုံဆိပ်မှသစ်ခွဲစက်များတွင်မတ်လအတွင်းကတန်(၇၀)ကျော်ဖမ်းဆီးမိခဲ့သည်။

“ဖမ်းဆီးမှုတွေလုပ်ခဲ့ပေမယ့်သစ်လုပ်ငန်းရှင်ဆိုတာတော့သိတဲ့ အတိုင်းပဲငွေနဲရှင်း ရင်ပြီးသွား သလိုဖြစ်နေတော့နောက်ပိုင်းမှာ လည်းပုသိမ်ကြိုးတံတားကနေမှောင်ခိုသစ်ဝင်ရောက်မှု.တွေက ဂိတ်ကြေးတွေပေးပြီးဖြတ်နေတာတွေရှိနေတယ်”ဟုပုသိမ်မြို့မှသစ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ပုသိမ်ခရိုင်အတွင်းသစ်တောမြေ(၄၂၂၁၄၂)ဧကရှိရာအစိုးရနှင့်ပုဂ္ဂလိကတို့မှသစ်တော အစားထိုးစိုက်ခင်း(၁၃၀၃၃)သာရှိသေးရာစုစုပေါင်းစိုက်ပျိုးမြေဧက၏(၂၄.၇၁%)ခန့်သာ အစားထိုးစိုက်ပျိုးနိုင်သေးသောကြောင့်ပုသိမ်ခရိုင်တစ်ခုလုံး၏သစ်တောပြုန်းတီးမှု.မှာ(၇၅%)နှုန်းကျော် ရှိနေကြောင်းသစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

မျိုးမင်းထွန်း(မြစ်မခ)
by Myit Makha Mediagroup

SHARE THIS
Previous Post
Next Post