ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှုနှင့်
ဆက်နွယ်သည့် သံသယရှိသူ ၃ ဦးကို ထပ်မံ ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ယနေ့
ပြောကြားသည်။ ဧပြီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်
ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲ ပန်းဝင်စည်းအနီး
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြား လူ ၂၀၀ ကျော်
ဒဏ်ရာရရှိခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အသက် ၂၆
နှစ်အရွယ် တာမာလန် ဆာနေ့ဗ်နှင့် အသက် ၁၉ နှစ်အရွအယ် ဇိုခါဆာနေ့ဗ်
ညီအစ်ကိုနှစ်ဦးကိုသာ သံသယံတရားခံများအဖြစ် အစောပိုင်းက
သတ်မှတ်ဖမ်းဆီးခဲ့သည်။ တာမာလန် ဆာနေ့ဗ်မှာ ရဲတပ်ဖွဲ့နှင့် အပြန်အလှန်
ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်။ ညီဖြစ်သူ ဇိုခါဆာနေ့ဗ်အား ဒဏ်ရာဖြင့်
ဖမ်းဆီးရမိခဲ့သည်။ ယခုအခါ ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှုနှင့်
ဆက်နွယ်သည် အခြား သံသယရှိသူ ၃ ဦးကို ထပ်မံ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဘော်စတွန်မှ သတင်းများ၏အဆိုအရ ထပ်မံဖမ်းဆီးလိုက်သော သံသယရှိသူ ၃ ဦးမှာ
ကောလိပ်ကျောင်းသားများဖြစ်ကြောင်း သိရှိရသည်။
SHARE THIS