ဘင်္ဂလီများအား မြေပိုင်ယာပိုင်ရွာချထားရေး ဒေသခံများကန့်ကွက်စာတင် တောင်းဆို


ပေါက်တောမြို့နယ်အတွင်း ဘင်္ဂလီများအားနေရာပြန်လည်ချထားရေးနှင့်ပတ်သက်ပြီး ဒေသခံ ၇၄၀၀ ကျော်တို့မှ လက်မှတ်ရေးထိုးပြီး သမ္မတထံစာတင် ---------------------------------------- ပေါက်တောမြို့နယ် ၊ ပိန္နဲချောင်းကျွန်းတစ်ခုလုံးတွင်နေထိုင်ကြသော တိုင်းသားတို့၏ဘ၀လုံခြုံမှု ရှိရေးအတွက် ဘင်္ဂလီများအား ရွာချထားပေးခြင်းနှင့်ပတ်သက်ပြီး ဒေသခံများနှင့်ညှိနှိုင်းဆောင် ရွက် ရန်နှင့် အသင့်တော်ဆုံးနေရာကိုသာရွေးချယ်ရန်၊ ၈၂ ဥပေဒေအားအကောင်အထည်ဖော်ဆောင်ပြီး မှသာလျင် ရွာချထားခြင်းကိုဆောင်ရွက်ရန်တို့အား နိုင်ငံတော်သမ္မတကြီးထံသို့ တင်ပြထား ကြောင်း သိရသည်။ ထို့သို့တင်ပြရာတွင် ရွာပေါင်း ၄၈ ရွာမှ ဒေသခံ ပြည်သူ ၇၄၀၀ ကျော်တို့ကလက်မှတ်ရေးထိုးထား ကြောင်းလည်းသိရသည်။ ထို့အပြင် လက်ရှိခံစားနေရသော ၊ကြုံတွေ့နေရသောအခက်အခဲများအား တင်ပြရာ၌ စိုက်ခင်းနှင့်ယျာဉ်ခြံ ၄၀ ကျော်တို့အား ဘင်္ဂလီများက ဖျက်ဆီးခြင်းအပေါ်မည်သို့မျှ အရေး ယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွပ်လပ်စွာသွားလာလုပ်ကိုင်စားသောက်ရာတွင်လည်း မည် သို့မျှ အဆင်မပြေသည့်အတွက် အမျိုးသမီးများဘ၀လုံခြုံမှုရှိရေးတိုမှာလည်းအရေးကြီးလာပြီဖြစ် ကြောင်းယင်းဒေသခံများက ပြောဆိုကြသည်ကိုတွေ့ရသည်။ "ငါးရှာဟင်းခူးသွားလို့လဲ မရတော့ဘူး။ လယ်ယာကိုင်းလုပ်ငန်းတွေကိုလည်း တိုင်းရင်းသားတွေလုပ် ကိုင်စားသောက်လို့မရဘူးဖြစ်နေတယ်။ ဒါကြောင့် ပိန္နဲချောင်း ကျွန်းမှာနေရာချထားတဲ့အခါ ဒေသခံတွေရဲ့သဘောထားမပါဘဲချထားခြင်းမပြုဖို့ နဲ့ အကောင်းဆုံးနေရာတစ်ခုကိုသာရွေးချယ်ဖို့ လိုပါတယ်။ အဓိက အဲဒါတွေကိုတင်ပြတာဖြစ်ပါတယ်။ အတင်းချထားပေးမယ်ဆိုရင် ဆန္ဒထုတ်ဖော်သွားမယ်။ အဲဒါလည်းမရရင် ရွာပေါင်း ၄၈ ရွာလုံး ပိန္နဲချောင်း ကျွန်းကနေ ပြောင်းမယ်"ဟု ဦးမောင်ဖြူက ပြောပါသည်။
by: RSV

SHARE THIS