်
နေပြည်တော်၊ ဇွန် ၂၃
‘ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ’ ဟု
အဓိပ္ပာယ်ရသည့် ဆောင်းပါးကို မန္တလေး မစိုး
ရိမ်ကျောင်းတိုက် ဆရာတော်တစ်ပါး ဖြစ်သူ
အရှင်ဝိရသူ၏ပုံ မျက်နှာဖုံး တင်၍ ‘Tha Face
of Buddhist Terror’ ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ
၁ ရက် နေ့တွင် ထွက်ရှိမည့် TIME မဂ္ဂဇင်းတွင်
ဖော်ပြခြင်းကို ကန့်ကွက်ကြောင်း နိုင်ငံတော်
သမ္မတရုံးက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် သ
တင်းထုတ်ပြန်လိုက်သည်။
တိုင်းမ် မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းေ
ထာင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား
အများစု ကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓဘာသာ သ
ာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး
လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံ
တို့ အကြား အပြန်အလှန် ယုံကြည်မှု တည်ဆေ
ာက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း
ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် ‘၉၆၉’ အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာ
ဘုရား၏ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓတရားတော်၏
ဂုဏ်တော် (၆) ပါးနှင့် သံဃာတော်တို့၏ ဂုဏ်ေ
တာ် (၉) ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝ
င်တို့ ယုံကြည် ကိုးကွယ်သည့် ရတနာသုံးပါးကို
ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီ
း ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သည့် အားလျော်
စွာ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့်ေ
နရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်
ဆိုင်ရာ သံဃာ့ အဖွဲ့အစည်းများက အလေးထား
မေတ္တာ ရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရြေ
ကာင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
တိုင်းမ် မဂ္ဂဇင်း၏ အရှေ့အာရှဆိုင်ရာ သတင်းေ
ထာက် တိုင်းမ်၏ တရုတ်ဌာန အကြီးအကဲ
Hannah Beech က၎င်း၏ ဆောင်းပါးတွင် အရှ
င်ဝိရသူကို မြန်မာနိုင်ငံ၏ ဘင်လာဒင်ဟု ထည့်
သွင်း ရေးသား ထားသည်။
TIME မဂ္ဂဇင်း၏ ဇူလိုင်လထုတ် မျက်နှာဖုံးတွင်
သုံးနှုန်းထားသော Buddhist နှင့် Terror ဆိုသ
ည့် အသုံးအနှုန်းကို ကန့်ကွက်ရန် အွန်လိုင်း သုံး
စွဲသူများက လက်မှတ်ထိုးခြင်း share လုပ်ခြင်း
များ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ဘာသာရေး ခွဲခြားမှု မရှိဘဲ
လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသည့်နိုင်ငံ ဖြ
စ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသ
ာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်
စွာ ကိုးကွယ် ကြသော်လည်း၊ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ၊ ပုဒ်မ ၃၆၂ တွင်“နိုင်ငံတော်သည် ခရစ်
ယာန္ဘာသာ သာသနာ၊ အစၥလာမ္ဘာသာ သ
ာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးက
ွယ်သော ဘာသာတို့ကို ဤ ဖွဲ့စည်းပုံ အခြေခံဥ
ပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်
ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အ
သိအမှတ် ပြုသည်” ဟူ၍ ပြဋ္ဌာန်းထားကြောင်း
သမ္မတရုံးက သတင်းထုတ်ပြန်သည်။
The Voice Weekly
နိုင်ငံတော် သမ္မတရုံး တိုင်းမဂ္ဂဇင်းကို ကန့်ကွက်
Published with Blogger-droid v2.0.10