Lord of the Rings ဇာတ်ကားထဲတွင်
အသုံးပြုခဲ့သည့် ဓားရှည်များကို ခိုးယူခဲ့ေ
ကြာင်း စွပ်စွဲမှုဖြင့် အမျိုးသမီး တစ်ဦးကို အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အမျိုးသမီးသည် ကမ္ဘာကျော် စိတ်ကူးယဉ် ဇာတ်လမ်းတွဲကြီးအတွင်း ရိုက်ကွင်း၌ အသုံးပြုခဲ့သော ဓားရှည်နှစ်လက်ကို ခိုးယူခဲ့သည်ဟု သံသယ ရှိသည့်အတွက် ဖမ်းဆီးထားကြောင်း နယူးယော့ခ် ရဲတပ်ဖွဲ့က ဆိုသည်။ ဘရန်ဒါမက်ကေးသည် ယခုအခါ ဖောက်ထွင်းမှု စွဲချက်ဖြင့် တရားစွဲခံရရန် နီးစပ်နေသည်။ သူမသည် အချို့သော ရိုက်ကွင်းအသုံးပြု ပစ္စည်းများကိုလည်း အလစ်သုတ်ရန် ကြိုးစားခဲ့သေးသည်။ ထိုပစ္စည်းများကို မကြာမီက ရုံတင်ခဲ့သည့် The Hobbit, An Unexpected Journeyတွင်လည်း အသုံးပြုခဲ့သည်။
ဒတ်ချက်စ်ရှိ ဂိုဒေါင်တစ်ခုထဲတွင် ထည့်ထားသော အဆိုပါ ပစ္စည်းများကို ရယူခဲ့ခြင်းအတွက် အသက်(၄၉)နှစ်ရှိ အမျိုးသမီးကို ရဲက ဖမ်းဆီးခဲ့ပြီး လတ်တလောတွင်မူ ဒေါ်လာ တစ်သိန်းတန် အာမခံဖြင့် ပြန်လွှတ်ထားသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ ဓားနှစ်လက်ကို လေလံတင် ရောင်းချလျှင် လက်ရှိ ပေါက်ဈေးများအရ အနည်းဆုံး တစ်လက် ဒေါ်လာ တစ်သိန်းခွဲစီမျှ ရရှိနိုင်ကြောင်း သိရသည်။ ပစ္စည်းများ ပျောက်ဆုံးကြောင်း သိရှိပြီးနောက် ရဲများက စုံစမ်းခဲ့ရာ မေလ (၂၉)ရက်နေ့တွင် ပြန်လည် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network
SHARE THIS