အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အ
လုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြေ
ာင်းရေးသားမယ့် အလုပ်သမားလက်စွဲစာစော
င်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီထု
တ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။
ဒီစာစောင်ကို မကြာမီအချိန်အတွင်းမှာ အလုပ်
သမားတွေရဲ့ လက်ထဲအရောက် ဖြန့်ချိတော့မြှာ
ဖစ်တယ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လ
ွှတ်တော် နှစ်ရပ်ပေါင်းဖွဲ့စည်းထားတဲ့ အလုပ်သ
မား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာ
ရေးကော်မရှင် အတွင်းရေးမှူးဖြစ်တဲ့ အလုံမြို့န
ယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ေ
မာင်ရည်က ပြောပါတယ်။
"အလုပ်သမားအခွင့်အရေးဟာ ဘယ်လောက်
အထိ သူတို့မှာအခွင့်အရေးရှိတယ်ဆိုတာ မသိ
တဲ့အတွက် သူတို့သိဖို့အတွက်ကို အလုပ်သမား
လက်စွဲစာစောင်ကို ပြည်ထောင်စုလွှတ်တော်
နာယကက ထုတ်ဝေလိုတဲ့ဆန္ဒရှိတယ်၊ အဲဒီအ
တွက် ကျနော်တို့ပူပေါင်းကော်မရှင်အနေနဲ့ ဒီစ
ာအုပ်ထုတ်ဝေရေးအဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်တယ်၊ မြ
ကာခင် အလုပ်သမားတွေကို ဖြန့်ဝေပေးမှာဖြ
စ်တယ်”
အလုပ်သမားလက်စွဲစာစောင် ထုတ်ဝေဖို့အတ
ွက် ကုန်ကျစရိတ်ကို လွှတ်တော်ကထုတ်ပေးဖို
့အတွက် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး
ပူးပေါင်းလေ့လာရေးကော်မရှင်က ပြည်ထော
င်စုလွှတ်တော် နာယကထံ တင်ပြထားတယ်လို့
သိရပါတယ်။
ဒီစာစောင်ကို လွှတ်တော်ပုံနှိပ်တိုက်က ရိုက်နှိပ်
ပေးဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်
။
From : RFA