==============================
=========
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းဖြတ်သန်
းခြင်းအတွက် နစ်နာကြေး အသနားခံတင်ပြခဲ့
သူ ရွှေတုတ်ကန် ကျေးရွာမှ တောင်သူ ၂ ဦးအ
ား ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှ တရ
ားလိုပြု ၍ ရေနံချောင်းမြို့နယ်တရား ရုံးသို့ တရ
ားစွဲဆိုကြောင်း သတင်းရရှိ သည်။
''ကျွန်တော်တို့က အမှန်မို့လို့ အမှန်အတိုင်း တ
င်ပြတောင်းဆိုတာပါ။ ဘာမှ လိမ်လည်ခဲ့တာ မ
ရှိပါဘူး။ လျော်ကြေးရဖို့ မြေတစ်ကွက် တစ်ေ
သာင်း ငါးထောင်နှုန်းနဲ့ တောင်းလို့ ဦးသူတော်
က မပေးနိုင်လို့ မပေးခဲ့တာ။ ပေးနိုင် တဲ့ လက်
ထုတ်ကန်ကွင်းနဲ့ ဝန် ရိုးကွင်းမြေယာပိုင်းအတ
ွက် လျော်ကြေး ရတယ်ဗျာ။ မပေးတဲ့အပိုင်း မရ
ဘူး။ ဒါ ကို အမှန်တင်ပြတာကို ကျွန်တော်တို
့ကို ပြစ်မှု ဥပဒေပုဒ်မ (၁၈၂) နဲ့ တရားစွဲ တယ်''
ဟု တောင်သူကိုသန်းဦးမှ ပြော ပြသည်။ ပြစ်
မှုကြီး အမှတ် (၅၂၆) ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ
ပုဒ်မ (၁၈၂) အရ ရွှေတုတ်ကန်ကျေး ရွာမှ တေ
ာင်သူ ဦး သန်းဦးနှင့် ဦးသူတော်တို့အား မြို့နယ်
တရားရုံးတော်မှ ကြားနာစစ်ဆေးခံရန် လက်ခံ
ခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ တရားစွဲဆိုရခြင်းမှာ တောင်သူ ၂ ဦ
းမှ ၄င်းတို့၏ ယာမြေပေါ် တွင် တရုတ်မြန်မာေ
ရနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက် လိုင်း ဖြတ်သန်း
ရာတွင် အများနည်းတူ မြေယာနစ်နာကြေး မရ
ရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် သက် ဆိုင်ရာ
သို့ အဆင့်ဆင့် တင်ပြ တိုင်တန်း ခဲ့ခြင်းကြော
င့် ဖြစ်သည်။ ထိုသို့ တိုင် တန်းရာတွင် တင်ပြမ
ှုများ တွင်မှန်ကန် မှု မရှိ မိမိရယူလိုမှု ဆန္ဒတစ်ခု
တည်း ဖြင့် အာဃာတတရား ရှေ့ ထားပြီး လိမ်
လည်တိုင်တန်းသည်ဟု ဆိုကာ မကွေး ခရိုင်အ
ထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ (၇-၆-၂ဝ၁၂)
နေ့စွဲပါစာအမှတ်၊ ၂/ ၂၈-၂/ဦး၎ (၂၆၁၉)ဖြင့်
တရားစွဲဆိုရန် ညွှန်ကြားစာထွက်ရှိခဲ့သည်ဟု
သိရသည်။
ထိုညွှန်ကြားစာအရ ရေနံချောင်း မြို့နယ် အေ
ထွထွေအုပ်ချုပ်ရေးမှူး ၏ ကိုယ်စားမြို့နယ်ဒုဦးစီ
းမှူးမှ လက်မှတ်ရေး ထိုးကာ ရွှေတုတ်ကန်ကျေ
း ရွာ အုပ်ချုပ် ရေးမှူးဟောင်း၊ ရွာခွဲရွာ အိမ်မှူး၊
မြေစာ ရင်းဦးစီးဌာန မှ မြေတိုင်းစာရေး ၂ ဦး
အားတရားလိုပြုလုပ်တိုင်ကြားရန်အမိန့် စာအ
မှတ် ၂/၁၃-၁/ဦး ၄ (၇၅၃) ဖြင့် ၂ဝ၁၂ ခုနှစ်ဇ
ွန်လ ၁၄ရက်တွင်ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။
ခရိုင်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ၏
ညွှန်ကြားချက် စာ တစ်နှစ်အကြာတွင်မှ တရား
စွဲဆိုခြင်း ဖြစ်သည်။ ယခုအခါ သဘာဝဓာတ်ေ
ငွ့ ပိုက်လိုင်းစီမံကိန်းလည်း စတင်ဆောင် ရွက်
နေပြီ ဖြစ်သည်။
အမှုအား စတင်စစ်ဆေးကြားနာ နိုင်ရန်အလို့ငှ
ာ ဇူလိုင် ၂၄ ရက် သို့ ပြန် လည် ဆင့်ဆိုလိုက်ပြီ
း တရားစွဲဆိုခံ တောင်သူများအနေဖြင့် မမှန်မ
ကန် တရားစွဲဆိုထားခံရမှုအပေါ် နိုင်ငံတော်
သမ္မတနှင့် သက်ဆိုင်ရာ တိုင်းခရိုင်ဌာန အသီး
သီးသို့ အကူအညီတောင်းခံစာ များ ပေးပို့၍ တ
ရားမျှတမှု ဖြစ်အောင် တင်ပြတောင်းဆိုသွားမ
ည်ဟု သတင်း ရရှိသည်။
ဦးမင်း
From : Popular
သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခြင်းအတွက်နစ်နာကြေးတောင်းသူ ရေနံချောင်းတောင်သူ ၂ ဦးကို တရားစွဲ
Published with Blogger-droid v2.0.10