အဖျောက်မြို့တွင် ရွှေ၊ငွေ သိန်း(၇၀)ကျော်ခိုးယူခံရမှုဖော်ထုတ်

July 20, 2013

၁၅.၇.၂၀၁၃ရက်နေ့ နံက်ပိုင်းတွင် တိုက်ကြီးမြို့နယ်၊အဖျောက်မြို့နေ
ဒေါ်ဌေးဌေးသည် တရားစခန်း ၀င်ရန်သွားရောက်ခဲ့ရာမှ
၁၇၀၀ အချိန်နေအိမ်သို့ပြန်ရောက်စဉ် နေအိမ်၏
နောက်ဖေးဘက်ထွက်သည့် တံခါးနှင့် အိမ်အောက်ထပ်သို့ဝင်သည့်
တံခါးမကြီးတို့မှာ ပွင့်နေသဖြင့် နေအိမ်အားစစ်ဆေးကြည့်ရှုရာ အပေါ်ထပ်အခန်းတွင်း ထင်းရှုးသေတ္တာမှာ ပတ္တာပြုတ်နေပြီး အတွင်းမှ ငွေကျပ် (၂၅)သိန်းနှင့် ရွှေထည်ပစ္စည်း(၇)ကျပ်သားခန့်၊ စုစုပေါင်းတန်ဘိုး(၇၄)သိန်းခန့်မှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းအရေးယူပေးရန်တိုင်တန်းခဲ့၍ အဖျောက်နယ်မြေရဲစခန်း
(ပ)၃၃/၂၀၁၃၊ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ကာစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ အဖျောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ
ဒေါ်ဌေးဌေး၏ ညီးမ၀မ်းကွဲတော်သူ မ၀င်းအိဖြိုး အား
မသင်္ကာစုံစမ်းသိရှိရသဖြင့် ခေါ်ယူစစ်ဆေးပြီး ၎င်း၏နေအိမ်သို့ ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ်ရှိ စာအုပ်စင်အောင်ခြေ၌ ပလပ်စတစ်အိတ်အနက်ဖြင့်ထည့်လျက်ပျောက်ဆုံးငွေများအနက်
ငွေကျပ်(၃၉၀၀၀၀) နှင့် ရွှေထည်ပစ္စည်း (၇)ကျပ်သားခန့်အား
ရှာဖွေတွေ့ရှိ ပြန်လည်သိမ်းဆည်း ရမိခဲ့သဖြင့် တရားခံ မ၀င်းအိဖြိုး၊ (၃၀)နှစ်၊ (ဘ)ဦးအေးလှိုင်ဦး၊ အဖျောက်မြို့ နေသူအား ဖမ်းဆီးစစ်ဆေးအရေး ယူထားရှိကြောင်းသတင်းရရှိပါသည်။

SHARE THIS
Previous Post
Next Post