ချင်းတွင်းမြစ်အတွင်း ကုန်တင်သင်္ဘော တိမ်းမှောက်

ကိုတိုး (ချင်းတွင်း) | တနင်္လာနေ့၊ ဇူလိုင်လ ၂၂
ရက် ၂၀၁၃ ခုနှစ်
ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း ဖောင်းပြ
င်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကုန်
တင်သင်္ဘော တစ်စင်းသည်
ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာေ
ရ ဝဲအတွင်း ကျောက်ဆောင်ဖြင့် တိုက်မိရာမှ
တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်
ပိုင်း က ဖြစ်ပေါ်ခဲ့သည်။
သင်္ဘောနစ်မြုပ်မှုကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး
ဌာနများက မှတ်တမ်းတင်ထားရာတွင် သင်္ဘော
နစ်မြုပ်ရခြင်းမှာ ရေမှုတ်ဝဲအတွင်း ဖြတ်သန်း
စဉ် စက်အရှိန် မထိန်းနိုင်ဘဲ အနီးရှိ ကျောက်ေ
ဆာင်နှင့် တိုက်မိခြင်းဖြစ်သည်ဟု မှတ်တမ်းတ
င်ထားသည်။ သင်္ဘောအမည်မှာ မိုးမြင့်အောင်
ဖြစ်ပြီး ဖောင်းပြင်မြို့နယ်မှ နှမ်းဖတ်၊ ဖွဲအိတ်နှ
င့် ထင်းခွဲသားများ တင်ဆောင်ကာ မုံရွာသို့ ဦး
တည်ခုတ်မောင်းလာခြင်း ဖြစ်သည်။
အဆိုပါ သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ “ရေ
ယာဉ်လိုင်စင်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်
။ ဖြစ်နိုင်ချေရှိတာကတော့ သက်ဆိုင်ရာမြို့နယ်
တွေက ထွေ/အုပ် လိုင်စင်လို့ခေါ်တဲ့ မြင်းကော
င်ရေ ၂၀ လိုင်စင်ဖြစ်ဖို့များပါတယ်” ဟု မုံရွာခ
ရိုင် ရေယာဉ်ကြီးကြပ်ရေးရုံး အရာရှိတစ်ဦး
က ပြောသည်။
ချင်းတွင်းမြစ်ကြောင်းအတွင်း ညအချိန်မတော်
ရေယာဉ်များခုတ်မောင်းပြေးဆွဲသွားလာခွင့်အ
ား ကန့်သတ်ထားသော်လည်း ယခုရေယာဉ်တိ
မ်းမှောက်သည့်အချိန်မှာ နံနက် ၃ နာရီဝန်းကျင်
ခန့် ဖြစ်သည်။
အနီးရှိကျေးရွာများမှ အချိန်မီ သွားရောက် က
ယ်ဆယ်နိုင်ခဲ့သည့်အတွက် လူအသေအပျောက်
နှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိပါ။
ရေယာဉ်တိမ်းမှောက်မှုကို ဘုတလင် ရဲစခန်းမှ
ယာဉ်(၁) ၁၇/ ၂၀၁၃ ပုဒ်မ ၂၈၀ အရ အမှုဖွင့်
အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။ ယခုနှ
စ်အတွင်း ချင်းတွင်းမြစ်ကြောင်း၌ ရေယာဉ်တိ
မ်းမှောက်ခဲ့သည်မှာ လေးကြိမ်ခန့်ရှိသွားဖြစ်
သည်။ ရေယာဉ်အများစုမှာ ခွင့်ပြုချက်မရဘဲေ
မာင်းနှင်နေခြင်းဖြစ်သည်ဟု ရေယာဉ်ကြီးကြ
ပ်ရေးအဖွဲ့မှ ဆိုသည်။
From : မြဝတီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post