သမ္မတဦးသိန်းစိန် ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများ ကြည့်ရှု

တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၈ရက်၂၀၁၃ခုနှစ်

သမ္မတဦးသိန်းစိန်သည်ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုကြောင်း မြန်နိုင်ငံဆိုင်ရာတရုတ်သံရုံးမှထုတ်ဝေ
သည့် “ယနေ့တရုတ်ပြည်” မဂ္ဂဇင်းက ဖော်ပြလိုက်သည်။

ယနေ့တရုတ်ပြည်မဂ္ဂဇင်းသည် သမ္မတဦးသိန်းစိန်နှင့်သီးသန့်အင်တာဗျူး
ပြုလုပ်ထားသည်ကိုဇူလိုင်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြလိုက်ခဲ့ရာ သမ္မတ၏ ထိုသို့ပြောကြားမှု ပါဝင်လာခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်တရုတ်နိုင်ငံသို့အလည်
အပတ်သွားရောက်စဉ်ယနေ့တရုတ်ပြည်
မဂ္ဂဇင်းမှသတင်းထောက်ကတွေ့ဆုံမေးမြန်းခွင့်ရခဲ့ခြင်းဖြစ်ကြောင်းလည်းမဂ္ဂဇင်းတွင်
ဖော်ပြထားသည်။

သမ္မတက သူငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုသလို မြန်မာပြည်သူများသည်လည်း တရုတ်ဇာတ်ကားများနှင့် မစိမ်းကြော င်း၊ ထိုကြောင့် တရုတ်ဇာတ်လမ်းများ မြန်မာနိုင်ငံတွင်ပြသရန်ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း သတင်းထောက်ကို ပြောကြားခဲ့သေးသည်။

တရုတ်နှင့် မြန်မာသည် အစဉ်အလာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင်ဘက်စုံမဟာဗျူဟာ ပူးပေါင်းရေးမိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ကူး
လူးဖလှယ်မှုပိုမိုများပြားလာခဲ့သည်ဟုလည်း
သမ္မတက တရုတ်သံရုံးထုတ် ယင်းမဂ္ဂဇင်းကိုပြောကြားခဲ့သေးသည်။
တရုတ်ပြည်သူလုံးဆိုင်ရာ ကွန်ဂရက်၏ အမြဲတမ်းကော်မတီဥက္ကဌ ဝူပန်းကို မြန်မာနိုင်ငံကိုလာခဲ့စဉ် “ရွှေမင်းသားရဲ့သုခကမ္ဘာ” တရုတ်ဇာ
တ်လမ်းတွဲကိုမြန်မာဘာသာနောက်ခံစကားပြောဖြင့် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ရန်သဘောတူလက်မှတ်ထိုးနိုင်ခဲ့ကြောင်းလည်းသမ္မတကဆိုသည်။

တရုတ်နှင့်မြန်မာသည်စီးပွားရေးကဏ္ဍတွင်သာမက ပညာရေး၊ ကျန်းမာရေးတို့ကိုပါ ပူးပေါင်းဆောင်ရွက်နေပြီး အလားတူပင် ယဉ်ကျေးမှုအရပူးပေါင်းမှုလည်းပြုလုပ်
လျှက်ရှိသည်ဟု သမ္မတကဆိုသေးသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီက
လင်တန်မြန်မာနိုင်ငံကိုလာရောက်လည်
ပတ်စဉ်ကလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းက အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ‘The West Wing’ ကို ကြည့်ရှု၍မြန်မာစစ်ဗိုလ်ချုပ်ဟောင်းအချို့
သည်ဒီိမိုကရေစီစနစ်တွင်မည်ကဲ့သို့အုပ်ချုပ်ရမည် ဆိုသည်နှင့် ပတ်သတ်သော အတွေးအမြင်ရရှိခဲ့သည်ဟုချစ်ကြည်ရေး
စကားဆိုခဲ့ဖူးသည်။ထိုသို့ဦးရွှေမန်းပြော
သည်ကို ဟီလာရီကလင်တန်က အမေရိကန်တွင်ပြန်လည်ပြောပြသဖြင့် အမေရိကန်လူထုနှင့် မီဒီယာများက သိရှိခဲ့ရခြင်းဖြစ်သည်။ ဟီလာရီ၏ ထိုစကားကြောင့် ယဉ်ကျေးစွာ ပွဲကျ ရယ်မောခဲ့ကြသည်ဟုလည်း အ
မေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။
စစ်ဘက်ထိပ်တန်းအရာရှိဟောင်းများဖြစ်သည့်မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံကြီးများနှင့် ချစ်ကြည်ရေးစကားဆိုရာ၌ ထိုနိုင်ငံ
မှရိုက်သည့် ရုပ်သံဇာတ်လမ်းများကိုအကြောင်း
ပြုကာ ပြောကြားလေ့ ရှိသလောဟု စဉ်းစားဖွယ်ဖြစ်နေသည်။

မဇ္ဈိမသတင်းဌာန

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post