ညောင်ဦးတွင် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးထံမှ လုယက်ခဲ့သူအား ဖမ်းမိ

Sunday, August 18, 2013

ညောင်ဦးမြို့၊အမှတ်(၇)၀က်ကြီးအင်း
ရပ်ကွက်၊ညောင်ဦးပုဂံမြို့သစ်ကားလမ်း
တောင်ဘက်ခြမ်းရှိဆူးလေကုန်းဘုရားအနီးတွင်၃-၈-၂၀၁၃ရက်နေ့ ၁၈၅၀ အချိန်က ပြင်သစ်နိုင်ငံသူMiss,Amilic Schaitt (၂၃)နှစ်ထံမှအမျိုးသားတစ်ဦးက ခါးပတ်အိတ်အားလုယူစဉ်ရုန်းရင်းဆန်
ခတ်ဖြစ်ပွားခဲ့ရာ ပြင်သစ်နိုင်ငံသူတွင်
ဝဲမျက်လုံးဖူးရောင်ညိုမဲ၊ လည်ပင်း၊ ၀ဲလက်တို့၌ပွန်းခြစ်ဒဏ်ရာများရရှိခဲ့ပြီး
ပတ်စ်ပို့(၁)အုပ်၊အမေရိကန်ဒေါ်လာ
နှင့်မြန်မာငွေများ၊CreditCard(၁)ခုနှင့်
လေယာဉ်လက်မှတ်တို့ ပါသွားခဲ့ကြောင်းကို ၎င်းတည်းခိုနေသည့် View Point တည်းခိုခန်းပိုင်ရှင်ကတိုင်တန်းခဲ့သော
ကြောင့်ညောင်ဦးမြို့မရဲစခန်း(ပ)၉၄/၂၀၁၃၊ ပြစ်မှုပုဒ်မ၃၈၆ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေး
အတွက်ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်
များနှင့်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံ
ရေးရဲတပ်ဖွဲ့စု(ပုဂံ)မှတပ်ဖွဲ့ဝင်များပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာပုဂံမြို့ဟောင်းမှချောက်သို့သွားသော လမ်းဆုံတွင် ပြစ်မှု ကျူးလွန်ခဲ့သူ မြောက်ဦးမြို့နယ်၊ မီးလောင်းဖျားမြောက်ရွာနေ ကို----အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ကို-သည်အခင်းဖြစ်နေ့က
ဆူးလေကုန်း ဘုရားအနီးတွင်နိုင်ငံခြားသူ
တစ်ဦးအားတွေ့ရှိရ၍အနီးရှိတုတ်တစ်
ချောင်းဖြင့်(၃)ချက်ရိုက်ပြီးအိတ်အားလုယူ ထွက်ပြေးခဲ့ကြောင်း၊အိတ်အတွင်းမှ
အမေရိကန်ဒေါ်လာ(၂၃၄)ဒေါ်လာတွေ့ရှိ
သဖြင့်(၁၃၄)ဒေါ်လာအားမိတ်ဆွေဖြစ်သူမ--၏အကူ အညီဖြင့် ညောင်ဦးမြို့၊ ဈေးအတွင်းရှိ ဒေါ်--ထံလဲလှယ်ခိုင်းခဲ့
ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လဲလှယ်ခဲ့သည့်ဒေါ်လာငွေအားလိုက်လံ
သိမ်းဆည်းခဲ့သည်။

ထို့ပြင် အခင်းဖြစ်ရပ်တောင်ဘက်(၁)မိုင်
ခန့်အကွာတွင်မှုခင်းဖြစ်စဉ်ကပါဆုံးသွား
သောCreditCardအားထပ်မံရှာဖွေသိမ်း
ဆည်းရမိခဲ့သဖြင့် ပြစ်မှု ကျူးလွန်သူ ကို--အား ထိုက်သင့်သည့်ပြစ်ဒဏ် ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
ရဲဇာနည်မှ သတင်းရရှိသည်။

Popular Myanmar News Journal

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post