အရက်အလွန်အကျွံ မူးနေသော ရဲများ မှ အပြစ်မဲ့ အရပ်သားအား ဝိုင်း ချုပ်၍ထိုးကြိက်မှု့ဖြစ်ပွား


ဖြစ်စဉ်မှာ ၁၆.၈.၂၀၁၃ နေ့ည ၈ နာရီခွဲအချိန်ခန့်၌ မောင်ဇင်မောင်(အထိုးခံရသူ)မောင်ကိုကို မောင်သိန်ဦးတို့ သုံးဦးသည်ဝါးခယ်မမြို
့ ကမ်းနားလမ်း ဧရာဝတီ သင်္ဘောဆိပ်
အနီး၌ဖွင့်လှစ်ထားသော ကောင်းထ
က်လ္ဘက်ရည်ဆိုင်၌ထိုင်နေစဉ် ရဲများဖြစ်ကြသော ဖြိုးဝေလင်း ကုလား
ကြီး ဘာဘူ တို့သုံးဦးသည် အရက်များမူးလာပြီး မောင်ဇင်မောင် တို့
လ္ဘက်ရည်ဝိုင်းသို့ဝင်လာထိုင်ပြီး မောင်သိန်းဦးအားအမျိုးမျိုး ရန်စစော်ကားသောစကားများပြော
ဆိုရာမောင်သိန်းဦးမှာမည်သို့မှမတုန့်ပြန်ဘဲ မင်းတို့ကိုစခန်းသွားတိုင်မည်ဟုပြောပြီးသုံး
ယောက်စလုံးဝိုင်းမှထကြရာ ရဲဝေဖြိုးအောင်မှမောင်ဇင်မောင်အားဟေ့ကောင်မင်းက အခြောက်လင်လား ဘာကောင်လဲဟုပြောကာ ချုပ်ပေးပြီး
ကျန်သည့်ရဲများမှ ဝမ်းဗိုက် ပေါင်ကြားတို့အားထိုးကြိက်ကန်ကြပါသည်။ထိုသို့ဖြစ်နေသည်ကို အနီးရှိရေကင်းတာဝန်ကြနေသော ရဲများ
မှလည်းဘာမသိညာမသိဖြငိ့ဝင်ရောက်ထိကြ ပါသည်။မောင်ဇင်မောင်မှာ ရဲ ဖြိုးဝေးလင်း ကုလားကြီး ဘာဘူ နှငိ့အခြားရဲများထိုးကြိက်ကန်သောဒဏ်ရာများဖြင့် ဝါးခယ်မမြို့ပြည်သူ့ဆေးရုံသို့ ၁၀နာခွဲခန့်တွင်ရောက်ရှိလာပြီး မြို့နယ်ဆရာဝန်ကြီးမှ စမ်းသပ်စစ်ဆေး၍
အတွင်းလူနာအဖြစ်လက္ခံကုသပေးခဲ့ပါည်။

မောင်ဇင်မောင်မှာ ယ္ခုအ
ချိန်အထိဝမ်းဗိုက်ယောင်္ကျားအင်္ဂါတစ်ဝိုက်တို့၌ရောင်၍အထိမခံနိုင်သည့်အခြေအနေတွင်ရှိနေပါသည်။

ရဲအုပ်အောင်ဇော်မင်းမှ အမှု့ကို
ကြေအေးပေးရန်ယနေ့မနက်ကလာရောက်
်ညှိနှိုင်းကြောင်းသိရပါသည်။

ရဲများမူးလာကြသည့်အကြောင်းမှာ
လည်း သုံးလုံးထီ(ချဲ)ပေါက်လို့ပါတဲ့ခင်ဗျား။
ကောင်းကြသေးရဲ့လား လောင်းကစား
မှု့ပပျောက်ရေး ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးဆိုတဲ့ဆောင်ပုဒ်တွေကို လက်ကိုင်ထားတဲ့ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲတို့ရယ်။
ခေတ်သတင်း
(LM)

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post