်
ချဲလ်ဆီးအတွက် ဆုဖလားအောင်မြင်မှုများ မရယူပေးနိုင်ခဲ့ပါက အသင်းမှ နုတ်ထွက်သွားမည်ဟုနည်းပြ မော်ရင်ဟိုက
အတည်ပြုသွားခဲ့သည်။
မော်ရင်ဟိုမှာ ယမန်နှစ်ာသီက ရီးရဲလ်တွင် ဖလားလက်မဲ့ ဖြစ်ခဲ့ရပြီး ယင်းသို့အခြေအနေမျိုး ထပ်မံကြုံတွေ့ပါက ရာထူးစွန့်လွှတ်ရန် ၀န်မလေးကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက ''ဆုဖလားတွေ ရယူနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒါဟာ ကျွန်တော့်ရဲ့ မပြောင်းလဲတဲ့ ဗီဇပါ။ မပြောင်းလဲတဲ့ သဘာဝပါ။
ကျွန်တော်ဟာ ဖလားတစ်လုံးမှ မရဘဲ အသင်းတစ်သင်းမှာ သုံး၊ လေးနှစ် နည်းပြ လုပ်မယ့်လူမျိုးမဟုတ်ပါဘူး။ အသင်းအတွက် ဖလားမယူပေးနိုင်
ဘူးဆိုရင် ကျွန်တော့်ဘက်က စပြီးလမ်းခွဲစကားပြောမှာပါ''ဟုပြောခဲ့သည်။
ထို့အပြင် မော်ရင်ဟိုက အသင်း၏တည်ငြိမ်မှုအပေါ် အခြေတည်၍ ဆုဖလားအောင်မြင်မှုများ
ရယူနိုင်လိမ့်မည်ဟု ဆိုခဲ့ကာမိမိတို့အသင်းတွင် တည်
ငြိမ်မှုရှိနေသည်ဟု ဖွင့်ဟလိုက်သည်။ မော်ရင်ဟိုမှာ ပထမအကြိမ် ချဲလ်ဆီးကို နည်းပြခဲ့စဉ်က ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အများဆုံး ရမှတ်
၉၅ မှတ်ဖြင့် ဗိုလ်စွဲနိုင်ခဲ့သူဖြစ်ပြီး ယခုရာသီ
ပရီးမီးယားလိဂ်ဖလားကို အသင်း ၆သင်း အပြိုင်ကြိုးပမ်းရမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။
ဇော်ထွန်း(ရိုးရာလေး)