ဘူးသီးတောင်၊ မောင်တောအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လုံခြုံရေး တိုးမြှင့်

Saturday, August 17, 2013
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောနဲ့ဘူးသီးတောင်မြို့နယ်
အပါအဝင်ရခိုင်ပြည်နယ်မြောက်ပိုင်း
မြို့ အများစုတွံင် မနေ့ညနေပိုင်းကစပြီး စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသအာဏာပိုင်တွေက RFA ကို ပြောပါ
တယ်။

အဲဒီမြို့နယ်တွေမှာ လုံခြုံရေး စိုးရိမ်ရတာကြောင့် အဲဒီလို လုံခြုံရေး တိုးမြှင့်ချထားလိုက်တာလို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက RFA ကိုပြောပါတယ်။
“မသမာသူတွေဖျက်ဆီးဖောက်ခွဲမှုမရှိရ
အောင် ပုံမှန်လုပ်နေကြအလုပ်တွေကို တိုးမြှင့်ချထားတဲ့သဘောပါ၊ ရပ်ကွက်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ချထားပါတယ်၊ မြို့ကိုလာပြီး တိုက်နိုင်တဲ့သူတွေကို မလုပ်နိုင်အောင်လုပ်တဲ့သဘောပါ”
ဒါ့အပြင် မောင်တောခရိုင် ဌာနဆိုင်ရာရုံးတွေလည်း လုံခြုံရေးသတိထားပြီးနေထိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူးကညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

From : RFA

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post