တရုတ် နိုင်ငံတွင်H7N9ကြက်ငှက်တုပ်ကွေး ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ဦးရေမြင့်တက်

တရုတ် နိုင်ငံတွင်H7N9ကြက်ငှက်တုပ်ကွေး
ရောဂါပိုး ကူးစက် ခံရမှုကြောင့် အသက် ၆၁ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦး ထပ်မံသေဆုံး ခဲ့ပြီးနောက် အဆိုပါ
ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ဦးရေမှာ ၄၅ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်းပေကျင်းမြို့ရှိ ဆေးရုံ တစ်ခုမှ ပြောကြားခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် သြဂုတ်၁၃ ရက်က
ဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးကြီးသည် အဖျားရောဂါ ခံစား ရပြီးနောက် ဟေဘေး ပြည် နယ်ရှိ ဆေးရုံတစ်ရုံတွင် ဇူလိုင် ၂၀ ရက်က စမ်းသပ်ခဲ့ရာ ရောဂါပိုး လက္ခဏာ တွေ့ရှိ ခဲ့သဖြင့် ဆေးဝါး ကုသရန် ပေ ကျင်းမြို့ရှိ Chaoyang ဆေးရုံသို့ သက်ဆိုင်ရာက ပို့ဆောင် ပေးခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် သေဆုံး ခဲ့သည်ဟု အဆိုပါ ဆေးရုံမှ ပြောကြား ခဲ့သည်။

မြ၀တီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post