နာဂစ်ကဲ့သို့ မုန်တိုင်းကြီးများ ကျရောက်ပါက လူဦးရေ ခုနစ်သောင်းကျော်ဘေးဒဏ်ခံရနိုင်သည့် ဧရာဝတီတိုင်း ဒေသကြီးတွင်မုန်တိုင်းဒဏ်ခံများ ဆောက်လုပ်ရန် လျာထားဘတ်ဂျက် မရှိသေး


နာဂစ်ကဲ့သို့ ပြင်းထန်သော မုန်တိုင်းကြီးများ ထပ်မံကျရောက် လာပါက ကမ်းခြေဒေသ တစ်လျှောက်ရှိ လူဦးရေ ခုနစ်သောင်း
ကျော်မှာ မလွဲမသွေ ဘေးဒဏ်ခံစား ရနိုင်သည့် ဧရာဝတီတိုင်း ဒေသကြီးအတွက် ထပ်မံလိုအပ်သော မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ရန် နိုင်ငံတော် ဘတ်ဂျက်တွင် လျာထားနိုင်ခြင်း မရှိသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာ ချထားရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးဘုန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မုန်တိုင်းဒဏ်ခံCyclone Shelter ၅၆ လုံးကို တည်ဆောက်ပြီး ဖြစ်သောကြောင့် ရေလွှမ်းမိုးမှု၊ မုန်တိုင်းဘေးအန္တရာယ်များ ပေါ်ပေါက်ပါက ဒေသခံ လူဦးရေ တစ်သိန်းကျော်အား လွှမ်းခြုံနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ်အတွက် နိုင်ငံခြား အထောက်အပံ့နှင့် အကူအညီများ ရရှိမှုအပေါ် မူတည်၍ လာမည့် ဘဏ္ဍာရေးနှစ် အတွ
င်း ပေါက်တော၊ ရသေ့တောင်၊ မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၂၅၁ လုံးန
ှင့် ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဂွ၊ စစ်တွေနှင့် မာန်အောင် မြို့နယ်များတွင် သာမန်အ
ချိန်၌ စာသင်ကျောင်း ပြုလုပ်နိုင်ပြီး အရေးပေါ် အခြေအနေတွင် ဘေးခိုလှုံရာ အဆောက်အအုံအဖြစ် အသုံးပြုနိုင်သော သဘာ
ဝ ဘေးဒဏ်ခံ အဆောက်အအုံ ၁၆၂ လုံး ဆောက်ပေးရန် လျာထားကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ဧရာဝတီတိုင်း ဒေသကြီး အပါအ၀င် လူဦးရေ တစ်သိန်းကျော် သေဆုံးခဲ့သည်။

Eleven
http://maruthura.blogspot.com

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post