Monday, August 19, 2013
ဆောင်းဦးလှိုင်၊ အဲလက် (စ်)၊ စည်သူလွင်တို့ ၃ယောက် ပေါင်းသီဆိုတဲ့ 19:18 မိနစ် အခွေကအမှတ် ၁၊၂၊၃ ဆိုပြီး အောင်မြင်စွာ ထွက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
တတိယအခွေ ထွက်
ပြီးတဲ့အချိန်မှာတော့ 19:18 ဖွဲ့ကငြိမ်ချက်သားကောင်းသွား ခဲ့ပါတယ်။
၂ဝ၁၃ခုနှစ်မှာတော့ 19:18 အဖွဲ့က အမှတ်၎ ကိုနှစ်မကုန်ခင် ထွက်နိုင်ဖို့ စီစဉ်နေကြပါတယ်။
19:18 ထွက် ခဲ့တဲ့အခွေ ၃ ခွေစလုံးက ပရိသတ်ရင်ကိုလှုပ်ခတ်စေခဲ့တဲ့အခွေတွေဖြစ်ခဲ့ပြီးပရိသတ်တွေရဲ့အကြားရေပန်းစားခဲ့ပါတယ်။ အခု၎ခွေမြောက်ရဲ့သီချင်းအားလုံးကိုတော့ ဆောင်းဦးလှိုင် ကပဲရေးသား မှာဖြစ်ပါတယ်။
တီးဝိုင်းက တော့ ဥက္ကာဦးသာရဲ့ Plus ၃ တီးဝိုင်းပဲဖြစ်ပါတယ်။ ၄ခွေ မြောက်ခွေကိုစတင်အကောင် အထည်ဖော်နေတာ ၄ နှစ် လောက်ရှိသွား
ပြီဖြစ်ပြီး သီချင်း တွေကိုအကောင်းဆုံးဖြစ်
အောင် မကြိုက်မချင်းလုပ်နေတဲ့ အတွက်ကြာသွားရခြင်းဖြစ် ကြောင်းလည်း 19:18 ရဲ့အ ဖွဲ့ဝင်ဆောင်းဦးလှိုင်က ပြောပါ တယ်။
" သီချင်းအားလုံးကိုအကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။တစ်ပုဒ်နဲ့တစ်ပုဒ်ကျော်နားမထောင်ရအောင်ထိ လုပ်ထားတာပါ။ နောက်
Selection လည်းရွေးကူးစရာ မလိုစေရဘူး။
ကျွန်တော်တို့ကို ယနေ့တိုင်အားပေးနေတဲ့ ပရိသတ်တချို့ရှိပါသေးတယ်။ ပရိသတ်တွေအနေနဲ့Selection ကူးစရာမ လိုလောက် အောင်ကျွန်တော်ကြိုးစားထား ပါတယ်"
လို့ 19:18 ရဲ့ တေးရေး၊ တေးဆိုဆောင်းဦး
လှိုင်က ပရိသတ်အတွက်အကြို သတင်းပါးပါတယ်။
19:18 အမှတ်(၃ )ကိုတော့ ၂ဝဝ၃ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ၄ခွေမြောက် ကိုတော့ ၂ဝ၁၃ မှာထွက်မှာဖြစ်တဲ့အတွက် 19:18 အနေနဲ့ အခွေမ ထွက်တာ ၁ဝနှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။
" ၂ဝဝ၃၊၂ဝဝ၄လောက်အထိ ကျွန်တော်တို့
19:18 က အားကောင်းခဲ့ပါတယ်။ ဖျော်ဖြေပွဲတွေအကြိမ်ကြိမ် ဆင်နွှဲနိုင်ခဲ့တယ်။ ပရိသတ်ကြ
ားထဲ ကျွန်တော်တို့နေတာ တအားများ
သွားတဲ့အခါကျတော့ သင်္ခါရ သဘောပေါ့။ အဲဒီတော့ဒီကြားထဲမှာခဏနားဖို့တော့သင့် တယ်ပေါ့။ ဒီကြားထဲမှာအခွေ တွေထွက်ခဲ့တာလည်းစိပ်ခဲ့တယ်။
19:18 အနေနဲ့ ၂နှစ် ခြားတစ်ခေါက်လောက်ပဲပွဲ လေးတွေလုပ်ပြီး ပရိသတ်နဲ့ ထိတွေ့ကြ
မယ်ပေါ့။ အခု တော့ပရိသတ်ကလည်း 19:18 အနေနဲ့အခွေလေးတော့ ထပ်ထုတ်ပေးပါဦးလို့တောင်းဆို ကြတယ်။
အားပေးတဲ့သူတွေရှိ နေသေးတဲ့အတွက် ၁ဝ စုနှစ် လောက်နေမှ ကျွန်တော်တို့က ပြန်ပြီးဖန်တီးထုတ်လုပ်ဖို့ စီစဉ်ခဲ့တာပါ" လို့ ၄ခွေမြောက် 19:18အခွေထုတ်ဖြစ်ရခြင်းနဲ့ပတ်သက်ပြီ
း ဆောင်းဦးလှိုင်က ပြောပါတယ်။
ဆောင်းဦးလှိုင်၊ အဲလက်(စ်)နဲ့စည်သူလွင်တို့က
၎ခွေမြောက် 19:18 အခွေနဲ့ ပတ်သက်ပြီး
အရင်၃ခွေလိုပဲယုံကြည်ချက်တွေရှိနေကြပါတယ်။ 19:18 ဆိုတဲ့ နာ မည်ဖြစ်တည်လာပုံကလည်း ထူးဆ
န်းလို့နေပါတယ်။ လူငယ် ၂ယောက်ရဲ့ အချစ် ဇာတ်လမ်းလေးကို ရေးသားရင်းနဲ့ 19:18 နာမည်ကိုဆောင်းဦးလှိုင်က ပေးဖြစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။
" ကျွန်တော့် သူငယ်ချင်းရဲ့ အဖြစ်အပျက်ဇာတ်လမ်းလေးပါ။ ကောင်မလေးသူ့ကို ထားခဲ့တဲ့အချိန်
မှာသူက နာရီကို ရပ်ထားခဲ့တယ်။ ၇နာရီကျော်ပေါ့။ ၁၈မိနစ်တော့ မဟုတ်ဘူး။ ၇ နာရီကျော်ဆိုတော့ ၁၉နာရီ ပေါ့။ အဲဒီတော့ ဘယ်လောက် ကျော်လိုက်
ရင်ကောင်းမလဲလို့ စဉ်းစားတော့ ၁၉နာရီ၁ဝမိနစ်ကြတော့ခေါ်လို့ မကောင်းဘူး။ ၁၉နာရီ
၁၈ မိနစ်ဆိုရင် ခေါ်လို့ ကောင်းတယ်ဆိုပြီး ၁၉နာရီ၁၈ မိနစ်ဖြစ်သွားတာပါ" လို့ 19:18 နာမည်နဲ့ စပ်လျဉ်းပြီး ဆောင်းဦးလှိုင်ကြေ
ပာပါတယ်။ 19:18 အနေနဲ့ အမှတ်(၁)ကို ၁၉၉၉နဲ့ ၂ဝဝဝ ကြား၊အမှတ်၂
ကိုတော့ ၂ဝဝ၁ခုနှစ်၊ အမှတ်၃ ကိုတော့ ၂ဝဝ၂နဲ့၂ဝဝ၃ကြား မှာထွက်ခဲ့ တဲ့အတွက် 19:18 ရဲ့သ
က်တမ်း က ၁၃ နှစ်ကျော်ကာလတည်းကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
" ကျွန်တော်တို့ ၃ ယောက်သီချင်းတစ်ပုဒ်ထဲကို တ
ွဲဆိုလိုက်တဲ့အခါမှာ taste တစ်ခုရပါတယ်။ ပျော်ရွှင်ဖွယ်ရာ ရလဒ်ပေါ့။ကျွန်တော်တို့ ၃ ယောက်က လည်းရေစက်ပါပဲ။ ဘယ်လို သံယောဇဉ်လဲတော့ မသိဘူး။ ကျွန်တော်တို့ကတစ်ယောက်နဲ့တစ်ယောက်
သိပ် ငြင်းပယ်လေ့မရှိဘူး။ ကိုအဲ လက်(စ်)က ကျွန်
တော်ဒါ လေးတော့လုပ်လိုက်ချင်တယ် ကိုဆောင်းဦးဆိုရင်လည်း ကျွန်တော် မငြင်း ဘူး။ ကိုစည်သူလွင် လုပ်မယ်ဆိုလည်းမငြင်းဘူး။ ကျွန်တော်လုပ်
မယ်ဆိုလည်း သူ တို့မငြင်းဘူး။ တစ်ယောက်နဲ့ တစ်ယောက်ညီအစ်ကို စိတ် အပြည့်ရှိကြတယ်။
ကျွန်တော်တို့ ၃ ယောက်ကသီချင်းဆိုပြီ ဆိုရင်အကောင်းဆုံးဆိုမယ်။ တစ်ခါတလေကျရင်တစ် ယောက်
ကိုတစ်ယောက်စိတ်တိုင်းမကျ ရင်လည်းသိပ်ပြီးရစ်မ
နေဘူး။ တစ်ပတ်၊ ၁ဝ ရက်ပျောက်သွားကြတေ
ာ့ တယ်။ကျွန်တော်ဆို ဘောလုံးကွင်းထဲရောက်
သွားတယ်။ ဒါပေမဲ့ ပြန်တွေ့လို့ သီချင်းလု
ပ်မယ်ဆိုရင်တော့ အိပ်သွန်ဖာမှောက် လုပ်ကြတော့တာပဲ။ အဲဒီတော့ ကျွန်တော်တို့ ၃ ယောက်က သီချ
င်းတွေကိုချစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်
music အကြိုက်ချင်းတူကြတာပါ။ ကျွန်တော်ကြိုက်ရင်သူတို့လည်း ကြိုက်တယ်။ သူတို့ ကြိုက်ရင်ကွ
ျန်တော်လည်း ကြိုက်တယ်။ ဒါလေးတွေက ကျွန်တော်တို့ကြားမှာ မဖော်ပြနိုင်တဲ့အရာပေါ့
" လို့ 19:18 ရဲ့ ၁၃ နှစ်ကျော်တည်မြဲနေတဲ့ လျှို့ဝှက်ချက်ကို ဆောင်းဦးလှိုင်ကပြောပါတယ်။
လင်းအက္ခရာ
Popular Journal