မန်းတွင် ကျပ်သိန်း ၁၅၀ကျော်တန် ကျောက်မျက်ပစ္စည်းခိုးယူခဲ့သူ တ ရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းမိ


မန္တလေး- သြဂုတ် ၁၉
ကျောက်မျက်ရတနာပစ္စည်းအရောင်း
ဆိုင်တစ်ဆိုင်မှကျပ်သိန်း ၁၅၀ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာ ပစ္စည်းများကို ယခင်လအတွင်းက
ခိုးယူခဲ့သူ တရုတ်နိုင်ငံသားနှစ်ဦးအနက်မှ တစ်ဦးအား သြဂုတ်၁၅ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ပြီးခဲ့သည့်ဇူလိုင်လ ၂၆ရက်နေ့တွင် မန္တလေး၇၃လ
မ်းပေါ်ရှိ အောင်သပြေကျောက်မျက်
ရတနာအရောင်း ဆိုင်သို့
တရုတ်လူမျိုးနှစ်ဦးရောက်ရှိလာ
ပြီး ပတ္တမြားအပွင့်ထဲမှ အရည်ကောင်းဝယ်ယူကြည့်ရှု့လိုကြောင်း ပြော သဖြင့် ဆိုင်မှ
ပြသရာ ၄င်းတို့မှ ပစ္စည်းများကို
ကြည့်ရှု့ပြီး ပြန်လည်ထွက်ခွာသွားရာ ၃မီနစ်ခန့်အကြာ
ဆိုင်ရှင်ဒေါ် သင်းသင်းနိုင်မှ ပြသခဲ့သည့် ပစ္စည်းများအား ပြည်လ
ည်စစ်ဆေးရာ နီလာစိန်ပတ်လက်စွပ်
တစ်ကွင်း၊ကျောက်စိမ်းစွဲသီးတစ်ခုပျောက်
ဆုံးနေကြောင်း သိရသဖြင့် အဆိုပါ
တရုတ်လူမျိုးနှစ်ဦးအား အရေးယူ
ပေးပါရန် နယ်မြေ ရဲစခန်းအမှတ်
(၃)တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယခုလ ၁၅ရက်နေ့တွင် ခိုးယူတိမ်းေ
ရှာင်နေသော တရုတ်အမျိုးသားအဖွဲ
့သည်အိုကေကျောက်မျက်ရတနာအရောင်း
ဆိုင်တွင် ရောက်ရှိနေကြောင်း သတ
င်းအရ နယ်မြေရဲစခန်းမှ တာဝန်ရှိ
သူများကသက်သေခံများနှင့်အတူ သွားရောက်ခဲ့ပြီး စခန်းသို့ခေါ်ဆောက်ကာ တရုတ်ဘာသာပြန်နှင့်အတူ သက်သေမျာ
းရှေ့မှောက်တွင်စစ်ဆေးခဲ့ပြီး ၄င်းတို့ ၃ဦးအနက် JIANG CHANG QING ပတ်စ်ပို့အမှတ်-G60201903 အသက် ၄၃နှစ် ၊ စိုက်ပျိုးရေးလုပ်၊ ချန်ရှားမြို့နယ
်၊ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသ
ူသည် ကျောက်မျက်ရတနာပစ္စည်းများ
ခိုးယူခဲ့ကြောင်းဝန်ခံခဲ့ပြီးခိုးယူစဉ်
၎င်းနှင့်ပါသူ တရုတ် လူမျိုး လောင်စစ်၊ ရှိန်းကျင့်မြို့၊ နေသူသ
ည် တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့ေ
ကြာင်းခိုးယူခဲ့သော သက်သေခံပစ္စည်း မျာ
းအား မကာအိုမြို့တွင် တရုတ်ငွေ
(၁၀၀၀၀)ဖြင့် ပြန်လည် ထုခွဲရောင်
းချခဲ့ကြောင်းရဲမှတ်တမ်းများတွင်ဖော် ပြထားသည။်

ကျန်တရုတ်အမျိုးသားနှစ်ဦးမှာ
အမှုနှင့်သက်ဆိုင်ခြင်းမရှိသောေ
ကြာင့် နယ်မြေရဲစခန်းအမှတ် ၃ မှ
ပြန်လည်လွှတ်ပေးခဲ့သည်။
ထို့ကြောင့် JIANG CHANG QING ပတ်
စ်ပို့အမှတ်-G60201903 အသက် ၄၃နှစ
၊ စိုက်ပျိုးရေးလုပ်၊ ချန်ရှားမြို့နယ်၊ ဟူနန်ပြည်နယ်၊တရုတ်နိုင်ငံနေသူအား (ပ) ၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်အေ
ရးယူထားပြီး
တရုတ်နိုင်ငံတွင်ကျန်ရစ်ခဲ့သူအား နှစ်နိုင်ငံမှ တာဝန်ရှိသူများ ပူပေါင်းအရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည။်

ဖိုးလပြည့်

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post