ရခိုင်ပါတီဦးဆောင်၍သယံဇာတအကျိုးခံစားခွင့် လူထုလက်မှတ် ကောက်ခံ


Monday, August 19, 2013
ရွှေသဘာဝဓာတ်ငွေ့အပါအ၀င် ရခိုင်ပြည်န
ယ်မှထွက်သော သယံဇာတများ၏ အကျိုးခံစားခွင့်ကို ဒေသခံ တိုင်းရင်းသားများ ရရှိရေးအတွက်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
(RNDP) က ဦးဆောင်၍ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် လူထုလက်မှတ် ကောက်ခံမှုကို သြဂုတ် ၁၈ ရက်တ
ွင် စတင်လိုက်ပြီ ဖြစ်သည်။

ထိုသို့ လူထုလက်မှတ် ကောက်ခံမှုကို ပြုလုပ်သည့် ရခိုင့်သယံဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ တ
ာဝန်ခံလည်းဖြစ်၊ RNDP ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးခိုင်ပြည်စိုးက ထိုကိစ္စကို အတည်ပြု
ပြောကြားခြင်းဖြစ်ပြီး သူက “ပြည်နယ်ရှိ
မြို့နယ် ၁၇ မြို့နယ်လုံးမှာ လက်မှတ်ရေးထိုးခြင်းကို တစ်ပြိုင်နက်တည်း စတင်လိုက်ပါပြီ”ဟု ဆိုသည်။

“အဓိကကတော့ ရခိုင်ပြည်နယ်ထွက် သဘာဝ သယံဇာတ အရင်းအမြစ်တွေက ရရှိတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်သူတွေ ပိုင်ဆိုင်ခွင့်ရရေးပဲဖြစ်တ
ယ်”ဟုလည်း ရည်ရွယ်ချက်ကို ၎င်းက ဆက်ရှင်းပြသည်။

ထို့ပြင် သူက ပြည်သူသုံးသိန်း၏ လက်မှတ်များ ရရှိသည်အထိ ကြိုးပမ်းသွားမည်ဟု ပြောကြားလိုက်
ပြီး၊ စုဆောင်း ရရှိသော လက်မှတ်များကို သမ္မတ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်
တို့မှ ဥက္ကဋ္ဌ များထံ ပေးပို့သွားမည် ဟုလည်း ဆိုသည်။

ရခိုင်ပြည်နယ်မှ ဒေသခံတိုင်းရင်းသားတို့၏ ယခုလက်မှတ်ရေးထိုး လှုပ်ရှားမှုကို အာဏာပိုင်များ
ဘက်မှ တစ်စုံ တစ်ရာ တုံ့ပြန်မှုမရှိလျှင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံး၍ ဆောင်ရွက်သွားမည်ဟုလည်း ရခိုင့်သယံဇာတ အကျိုးခံစားခွင့်ရရှိ
ရေးကော်မတီက ဆိုသည်။

ပြည်သူများ လက်မှတ်ထိုးရန် စီစဉ်ထားသည့် စာရွက်တွင် သဘာဝသယံဇာတများမှ ရသည့် ၀င်ငွေ
များ နှင့် အကျိုးခံစားခွင့်များကို ရခိုင်ပြည်န
ယ်၏ ရန်ပုံငွေသို့ ရထိုက်သည့် အချိုးအစားအတိုင်း
ခွဲပေး၍ ပြည်နယ်ဖွံ့ဖြိုးရေး အမြန်လုပ်ရ
န်၊ ရွှေသဘာဝဓာတ်ငွေ့မှရသော အကျိုးအမြတ်ကိုလည်း ပြည်နယ်တစ်ခုလုံး လျှပ်စစ်မီး ရရန် ဆောင်ရွက်ပေးရန်ဆိုသည့် တောင်းဆိုချက်နှစ်ခုကို ဖော်ပြထားသည်ကို တွေ့ရသည်။

ပြည်သူလူထု၏ လက်မှတ်ကောက်ခံမည့်ကိစ္စကို ဦးဆော
င်သည့်ကော်မတီက သြဂုတ် ၁၈ ရက်တွင်ရှင်းလင်း
ပွဲ ပြုလုပ်ခဲ့ရာ ပြည်သူသုံးသိန်း၏ လက်မှတ်များ
မရမချင်း ရက်အကန့်အသတ်မရှိ ကောက်ခံမည်ဟုလည်း ထိုပွဲတွင် ကော်မတီဝင် ဦးထွန်းလင်းကျော်
က ပြောသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်ထိုးသည့် အစီအစဉ်တွင် ပါဝင်လက်မှတ်ထိုးသည့် တောင်သူ ဦးရွှေမောင်က “
အစိုးရဟာ ဓာတ်ငွေ့ရောင်းရာက ငွေဘယ်လောက်ရတယ်၊ ဖွံ့ဖြိုးရေးအတွက် ဘယ်လောက်သုံ
းမယ် ဆိုတာ ဒေသခံတွေကို ချမပြရဲဖြစ်နေတယ်။ တကယ်တမ်း ဒီမိုကရေစီကို သွားနေတယ်ဆိုရင် သ
တ်္တိရှိရှိ ချပြရဲရမှာပေါ့။

ဒီလိုလုပ်နေတာကိုက တိုင်းရင်းသားတွေ၊ ပြည်သူတွေအပေါ်မှာ ရိုးသ
ားမှု မရှိဘူးဆိုတာ ပြနေတာပဲ”ဟု ဝေဖန်ပြောဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည်ေ
ကျာက်ဖြူဒေသခံများနှင့် သြဂုတ် ၁၅ ရက်တွင် တွေ့ဆုံကာ ကျောက်ဖြူ- ကူမင်း သဘာဝဓာတ်ငွေ
့ပိုက်လိုင်းမှ ရရှိသည့် အကျိုးအမြတ် အနေဖြင့် ဒေသခံများ လျှပ်စစ်မီး ရရှိရေးနှင့် နစ်နာချက်မျာ
းကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

သို့သော် ထိုသို့ပြောဆိုမှုသည် “၀န်ကြီးချုပ်က ဒေသခံတွေကို လှည့်ပြောပြီး ပျားရည်နဲ့ ၀မ်း
ချသွားတာ သာဖြစ်တယ်” ဟု RNDP ၏အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ဝေဖန်သည်။

ဗဟိုအစိုးရက ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငေပိုက်လိုင်းမှ ထွက်သည့် ဓာတ်ငွေ့များအနက်ကုဗ ပေသန်း ၂၀ ကို နေ့စဉ် ကျောက်ဖြူဒေသအတ
ွက် ခွဲတမ်းပေးကြောင်း ပြီးခဲ့သည့် ဇူလိုင်
၃၀ ရက်က နိုင်ငံပိုင် သတင်းစာတွင်
ဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးခိုင်ပြည်စိုးက “ကျွန်တော်တို့ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒအရ ကျောက်
ဖြူဒေသ တစ်ခုတည်း မီးလင်းရေးမဟုတ်ဘူး။ ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီးကို ပြည်မဈေးနှုန်းနဲ့ တပြေးညီ ရရှိရေး၊ ရခိုင်တစ်ပြည်နယ်လုံး ဖွံ့ဖြိုးရေးဖြစ်တယ်”ဟု ထောက်ပြသည်။
Mizzima - News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post