ိ
22 August 2013,
ရှမ်းပြည်နယ်တောင်ကြီးမှရန်ကုန်သို့ထွက်ခွ
ာလာသောရန်ကြီးအောင် မှန်လုံယာဉ်ဖြင့် လိုက်ပါလာသူ ခရီးသည်ထံမှ ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၀ ရက် ည ၁၂ နာရီ မိနစ် ၂၀ခန့်က ကလောမြို့ အထွက် သာစည် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် တောင်ကြီးမူးယစ်(အထူး) အဖွဲ့ (ကလောလှုပ်ရှား)မှရဲအုပ်တင်စိုးဦးစီးအဖွဲ့နှင့် ကလောရဲစခန်းမှ ရဲအုပ်ထွန်းအေးတို့ ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမှ ရန်ကုန်သို့ထွက်ခွာလာသော ရန်ကြီးအောင် မှန်လုံယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာခုံအမှတ်၁(ခ)တွင် လိုက်ပါလာသူ ခွန်မောင်ကျုံ ဝတ်ဆင်ထားသောဂျာကင်အင်္ကျီအိတ်ကပ် အတွင်းမှဘိန်းစိမ်း ၅ ဂရမ်အားတွေ့ရှိရပြီး မော်တော် ယာဉ်ဝမ်းဗိုက်အတွင်း ခရီးဆောင်အိတ်နှင့်နနွင်းတက်အိတ်တို့ပါရှိကြောင်းပြောပြချက်အရဆက်လက်ရှာဖွေရှာ နနွင်းတက်များအတွင်း သိုဝှက်ထား သော ဘိန်းစိမ်းအလေးချိန် ၂၀၀
ဂရမ်၊ စုစုပေါင်း ဘိန်းစိမ်းအလေးချိန် ၂၀၅
ဂရမ်၊ တန်ဖိုးငွေကျပ် ၁၃၃၂၅၀ နှင့် အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား အပြား၂၀၀ ပါ ၁၃ထုပ်၊ စုစုပေါင်း ဆေးပြား ၂၆၀၀ ကာလတန်ဖိုးငွေကျပ် ၁၀၄၀၀၀၀၀ အားရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ပြီး ခွန်မောင်ကျုံ
(၃၅)နှစ်၊ ကျပန်း တုံခမ်းရပ်ကွက် ဟိုပုံးမြို့နေသူအားအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုင်းတင်ဦး(ရှမ်း/တောင်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း