22 August 2013,
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်
မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသားလေးဦးကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သံသယဖြစ်ဖွယ်ရာ လူလေးဦးကို စနေနေ့ကနေအင်္ဂါနေ့အထိ လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံရ
ဖူးသူတွေဖြစ်ပြီးတော့ ၂၀၀၈ခုနှစ်ကမှ ပြ
န်လွတ်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie က ပြောပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်
မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြားက ပဋိပ
က္ခတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မွတ်စ
လင်လူမျိုးတွေကိုအမျက်ဒေါသပိုမိုတိုးပွားစေခဲ့ပြီးအခုဖမ်းဆီးမိတဲ့အမျိုးသားလေးဦးဟာမြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုမှာ ပါဝင်
တယ်လို့ သံသယဖြစ်ခံထားရသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။
မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲ
ဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံးသယ်ဆောင်လာတဲ့ အမျိုးသား ၂နှစ်ဦးကိုအင်ဒိုနီးရှားရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာနဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို မွတ်စလင် စစ်သွေးကြွအဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦးအနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ABC Radio