်
(ပညာပေးဗဟုသုတ)
Tuesday, August 20, 2013
အိမ်ရှင်လင်မယားမှ အိမ်ဖော်မလေးအား သုံးပွင့်ဆိုင် အဓမ္မကျင့်မှု ပြုလုပ်
အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီးတစ်ဦး အားအိမ်ရှင်လင်မယားနှစ်ဦးက သုံးပွင့်ဆိုင် လိင် ဆက်ဆံမှု အတင်းအကျပ်ပြုလုပ်ခဲ့ကြောင်း ကာ ယကံရှင်အမျိုးသမီးကထုတ်ဖော်ပြောဆိုခဲ့သည်။
မတရားပြုကျင့်ခံရသူ အိမ်ဖော်အမျိုး သမီးသည် အိမ်ရှင်လင်မယား၏ အတင်းအကျပ် လိင်ဆက်ဆံမှုကို
(၄) လတာ တုန်လှုပ် ခြောက် ခြားစွာ ခံစား
ခဲ့ရသည်။ လင်မယားနှစ်ဦးအနေနှင့် အဆိုပါအိမ်ဖော်ကို လိင်ဆက်ဆံ၍ အားရ ကျေနပ် ပြီးချိန်တွင် လမ်းဘေး တစ်နေရာတွင် ပစ်ထားခဲ့ ကြသည်။ အိ
မ်ဖော်အမျိုးသမီးကို ပစ်ထားခဲ့သည့် နေရာသည်Nebong Tebal ရှိ Taman Cenderawasih နေရာတွင် ဖြစ်သည်။
အိမ်ဖော် အမျိုးသမီးသည် လက်ထဲ
တွင် ရင်းဂစ်ငွေ ၃၀ သာ ပါရှိပြီး အချိန်
(၁၂) နာရီကြာမျှ ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့သည်။
လမ်းတစ်နေရာတွင် စိတ်ကောင်းရှိပြီး ကူညီတတ်သူတစ်ဦးနှင့် တွေ့ဆုံခဲ့သဖြင့် အဆိုပါ ပုဂ္ဂိုလ်ကအိမ်ဖော်အမျိုးသမီးအား ရဲစခန်း သို့ ပို့ဆောင်ပေးခဲ့သည်။
ဂျော့ခ်ျတောင်းရဲအဖွဲ့ လက် ထောက်ရဲမင်းကြီး Gan Kong Meng ၏ ပြန်လည်ပြောပြချက်တွင်အိမ်ဖော်အမျိုးသမီး၏ မျက်နှာ၊၀မ်းဗိုက်နှင့် ကျောပြင်တို့တွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများ ပြည့်နှက်နေသည်ကို တွေ့ရ သည်
ဟု ပါရှိသည်။ အိမ်ဖော် အမျိုးသမီးကို ပီနန် ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယုစေခဲ့ သည်။
ဆေးရုံ၏ ဆေးစစ်ချက်တွင် အိမ်ဖော် အမျိုးသမီး၏ အမျိုးသမီးအင်္ဂါဇာတ်သည် ပွန်းပဲ့ စုတ်ပြဲသည့် ဒဏ်ရာများကို တွေ့ရှိရသည်ဟု ဖော်ပြထား
ခဲ့သည်။ ယင်းအဖြစ်အပျက်အတွက် ပါတာနီလမ်းရှိရဲစခန်းအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်း
လင်းပွဲတွင် ထုတ်ဖော်လိုက်သည်။
သတင်းစာရှင်းလင်းပွဲအရ အသက် (၂၆) နှစ်အရွယ် အရှေ့ဂျာဗားကျွန်းတွင် နေထိုင် သူ အိမ်ဖော်အမျိုးသမီး၏ ပြန်လည် ပြောဆိုခဲ့ပုံမှာ အိမ်ရှင်ယောက်ျားဖြစ်သူက သူမအား အကြိမ် ပေါင်းများစွာ လိင်ဆက်ဆံမှုပြုခဲ့သည်ဟု သိရှိရ သည်။
အိမ်ရှင်ယောက်ျားဖြစ်သူ၏ လိင်ဆက်ဆံမှု တောင်းဆိုချက်ကို လိုက်လျောခြင်း မရှိပါက အိမ်ရှင်မိန်းမက သူမအား မတရားရိုက်နှက်သည် ဟုလည်း သိရှိရသည်။
အိမ်ရှင်လင်မယားတို့သည် အသက် (၄၁) နှစ်နှင့် အသက် (၃၆) နှစ် အသီးသီး ရှိကြသူများဖြစ်ကြပြီး
အိမ်ဖော်ဖြစ်သူ၏ ဦးခေါင်း၊ လက်နှင့် ခြေေ
ထာက်တို့ကိုခါးပတ်ဖြင့်ရိုက်နှက်ကြသည့်အပြင်ရေနွေးပူဖြင့်လည်း ပက် သည်ဟု သိရသည်။ အိမ်ဖော်၏ ရင်ဘတ်ကို မီးပူ ဖြင့်ကပ်၍လည်း နှိက်စက်ကြ
သည်ဟု ဆိုသည်။
Jelutony တွင် နေထိုင်ကြသည့် အိမ် ရှင်လင်မယားနှစ်ဦး၏ အိမ်တွင် အဆိုပါအိမ်ဖော် မှာ ဖေဖော်
ဝါရီလက စတင် အလုပ်ဝင်ရောက်ခဲ့ပြီး မေလမှ စတင်၍ အတင်းအကျပ် လိင်ဆက်ဆံမှု ပြုခြင်းခံခဲ့ရသည်ဟု အိမ်ဖော်အမျိုးသမီးက ထုတ် ဖော် ပြောဆိုခဲ့သည်။
စက်တင်ဘာလ (၁၇) ရက်နေ့ ည (၉း၁၅) နာရီတွင် အဆိုပါ လင်မယားနှစ်ဦးအား ရဲအဖွဲ့များ
က ဖမ်းဆီးလိုက်ကြောင်းကို လက် ထောက်ရဲမင်းကြီး Gen က သတင်းထောက် များကို ပြောကြား
ခဲ့သည်။ အိမ်ဖော်အမျိုးသမီး သည် ၎င်းအလုပ်လုပ်ခဲ့သည့်
နေရာဒေသကို မကျွမ်းကျင်သည့်အတွက် အဆိုပါနေရာဒေသကို စုံစမ်းရန် (၅) ရက်ကြာ အချိန်ယူခဲ့ရသည်။
“ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိတဲ့ အ ဆောက်အဦး ဓါတ်ပုံတွေကို ပြသခဲ့ပါတယ်။ Jelutong မှာရှိ
တဲ့ အဆောက်အဦး ဓါတ်ပုံတွေဖြစ် ပါတယ်။ အမျိုးသမီးလေးက တစ်နေရာကို မှတ်မိလိုက်တဲ့အတွက် အဲ
ဒီနေရာတစ်ဝိုက်က အိမ်နီးချင်းတွေကို အရင်ဆုံးစုံစမ်းမှုတွေ လုပ်ခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ တရားခံဖြစ်တဲ့ လင်မယားနှစ်ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်” ဟု လက်ထောက်ရဲမင်းကြီးက
ရှင်းလင်းပြောကြားခဲ့ ပါသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အင်ဒိုနီး ရှား ကောင်စစ်ဝန်ရုံးသို့လည်း အကြောင်းကြားပြီး ဖြစ်ကြောင်းကို လက်ထောက် ရဲမင်းကြီးက ထည့်သွ
င်းပြောကြားသွားခဲ့ပါသည်။ အိမ်ရှင်အမျိုး
သားဖြစ်သူသည် ယခင်ကလည်း မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု (၃) ခု ကျူးလွန်ထားသူဖြစ်သည်။ ရဲအဖွဲ့က အဆိုပါ လင်မယားပိုင် မော်တော် ယ
ာဉ်ကို သိမ်းဆည်းခဲ့သည့်အပြင် ပြစ်မှုကျူးလွန်
ရာတွင်အသုံးပြုခဲ့သည့်သက်သေခံပစ္စည်းများဖြစ်သော မီးပူ၊ ခါးပတ်၊ဂွမ်းကပ်တစ်ထည်
နှင့် အိပ်ရာခင်း တို့ကိုလည်း သိမ်းဆည်းလိုက်သည်။
ပြစ်မှုကျူးလွန်သည့် လင်မယားတွင် သားသမီး(၄) ဦး ရှိပြီး ၄င်းတို့မှာ အသက် (၅) နှစ်မှ(၁၅) နှစ်အတွင်း ရှိသူများဖြစ်ကြသည် ဟုလည်း
သိရှိရသည်။
အောင်ကျော်စည်
Ref: The Star
Aureum Online Media