Wednesday, 21 August 2013
ရခိုင်ပြည်နယ် သံတွဲမြို့တွင် သြဂုတ် ၁၈ရက်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး သြဂုတ် ၁၉ရက် ညနေ ပိုင်းတွင် သံတွဲချောင်း ရေလျှံမှုကြောင့် သံတွဲမြို့ရှိ ရပ်ကွက်အချို
့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ရ
ပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စု ၁၃၅စု၊လူဦးရေ ၄၄ဝဦးတို့အား
နယ်မြေခံ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝ
င်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ြေ
ခနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရေဘေးက
ယ်ဆယ်ရေး စခန်းများသို့ ကူညီရွှေ့ပြောင်း
ပေးသည်။
ထို့အပြင် ရေဘေး ကယ်ဆယ်ရေး စခန်းရှိ ပြည်သူများအတွက် နယ်မြေခံ ဆေးတပ်မှ ဆေးအကာအကွယ် ပေးရေး စခန်းများ ဖွင့်လှစ်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရ
ရှိသည်။
myawady
Published with Blogger-droid v2.0.10