်
Wednesday, August 21, 2013
မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ
(၆)လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်က ဖြစ်ပွားခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်လူသတ်သမား တစ်စုက ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ဖြစ်ပွားခဲ့သောလူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် သြဂုတ်လ ၂၇ ရက်နေ့ ရုံးချိန်း၌ လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း အဆိုပါတရားရုံးထံမှစုံစမ်းသိရှိ
ရသည်။
သြဂုတ်လ၂၀ရက်နေ့တွင်လျှောက်လဲချက်တင်ရန် တရားရုံးက ချိန်းဆိုခဲ့သော်လည်း အဆိုပါ တရားပြိုင်ဘက်မှ လျှောက်လဲချက်ရေးသားရန် များပြားသောကြောင့် နောက်တစ်ပတ် သြဂုတ်လ ၂၇ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်အပြန်အလှန် တင်ပြနိုင်မည်ဖြစ်ကြောင်း အဆိုပါတရားရုံး ထံမှ ထပ်မံသိရှိရသည်။
၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၁၇ ရက် နေ့ ည ၈ နာရီခန့်က မြောက်ဥက္ကလာပ မြို့နယ်၊ နွယ်သာကီ (၆)လမ်းထိပ်ရှိစားသောက်ဆိုင်တွင်လိုက်ထရပ်
ကား နံပါတ်ပြားကို ဖျောက်ဖျက်၍လူခြောက်ဦးခန့် ရောက်ရှိလာပြီး ဆိုင်တွင်းသို့ သုံးဦးဝင်ရောက်ကာ ဦးကျော်မင်းကိုဓားဖြင့်ဝိုင်းခုတ်သဖြင့်အပြင်သို့ထွက်ပြေးစဉ် ဆိုင်ပြင်ပတွင်အသင့်စောင့်နေသည့် လူတစ်စုက ဓားဖြင့် ထပ်မံထိုးခုတ်ခဲ့ကြသဖြင့် သေဆုံးခဲ့သည်။
လူသတ်ရန် ငွေပေးခိုင်းစေခဲ့သူများ နှင့် လူသတ်မှုတွင် ပါဝင်ခဲ့သည့်ဟု ယူဆရသူ ၂၃ ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
ရုံးက ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးတင် စစ်ဆေးခဲ့စဉ် ၄င်းတို့ ခိုက်ရန်ဖြစ်ပွားသဖြင့် လုံခြုံရေးအခြေအနေအရ ၂၀၁၂ ခုနှစ် အကုန်က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းလဲစစ်ဆေးခဲ့သည်။
အဆိုပါ တရားရုံးတွင် သြဂုတ်လ ၂၀ ရက်နေ့က ကြားနားစစ်ဆေးမှုနှင့်ပတ်သက်၍ယင်းအမှုစစ်
ဆေးသူ တရားသူကြီးနှင့်မြောက်ပိုင်းခရိုင် တရားသူကြီးကို သွားရောက် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားခြင်းမရှိပေ။
The Voice Weekly