21.8.2013
ရခိုင်ပြည်နယ်၊မောင်တောနယ်စပ်နတ်မြစ်ကမ်း
ခြေတစ်လျှောက်တွင် ရေလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုနေကြသောဒေသခံရေလုပ်သား တံငါသည်များမှာကောလာဟလသတင်းများ
ကြောင့်နေရပ်ပြန်နေထိုင်ကြကြောင်း ဒေသခံရေလုပ်သားများ၏ပြောပြချက်များအရသိရသည်။
မောင်တောနယ်စပ်နတ်မြစ်ကမ်းခြေတစ်လျောက်၌ယာယီတဲအိမ်များဆောက်လုပ်ပြီးရေလုပ်ငန်း
ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် တံငါသည်အိမ်ထောင်စု(၅၀)ခန့်နှင့်ရေလုပ်သားအရေအတွက်(၂၅၀)ခန့်ရှိပြီး၎င်းတို့အနေဖြင့်
အတည်မပြုနိုင်သောကောလဟသသတင်းများ
ကြောင့် စိတ်ပူပင်ကြောင့်ကျလျက်ရှိကြောင်း သိရှိရသည်။
“ RSO(ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး)က
ဒီကနေ့လား၊ မနက်ဖြန်လားဆိုပြီး ကျွန်တော်တို့ဒေသခံရေလုပ်သားတွေကိုလက်စသတ်သုတ်သင်ရှင်းလင်းသွားမယ်ဆိုတဲ့သတင်း
ကြားလို့ရေလုပ်သားတော်တော်များများနီးစပ်ရာ
ဒေသခံကျေးရွာတွေကိုနေရပ်ပြန်သွားကြပါပြီ”ဟုတောင်ပြိုလက်ဝဲနတလကျေးရွာမှရေလုပ်သားတစ်ဦးကဆိုသည်။
အဆိုပါသတင်းစကားများမှာယခုရက်ပိုင်းအတွင်းဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးဒေသခံများအပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖြစ်ပေါ် စေရန် ခြိမ်းခြောက်မှုများအသွင်ဖြစ်လာကြောင်းဒေသခံတို့က သုံးသပ်ပြောဆိုသည်။
`ဒီလိုသတင်းတွေအဆက်မပြတ်ကြားနေရတော့ဘယ်သူကလုံခြုံရေးကင်းမဲ့တဲ့နယ်စပ်ဒေသတွေမှာ ဆက်ပြီးနေရဲမှာလဲဗျာ။ စိတ်ခြိမ်းခြောက်မှု လွတ်ကင်းတဲ့ နေရပ်တွေကိုပြန်သွားကြတာပေါ့“ ဟု တောင်ပြိုလက်ဝဲနတလကျေးရွာမှ ရေလုပ်သားတစ်ဦးကဆိုသည်။
အဆိုပါရေလုပ်သားများမှဖမ်းဆီးရရှိလာသည့်ရေထွက်ပစ္စည်းများကိုတစ်ဆင့်ခံဝယ်ယူပြီးဘင်္ဂလာ
ဒေ့ရှ်သို့ တင်ပို့နေသည့်ဒေသခံငါး၊ပုစွန်၊ ကဏန်းအ၀ယ်ဒိုင်အရေအတွက်(၁၈)ဒိုင်ရ
ှိကြောင်းနံ့သာတောင်ကျေးရွာအနီးငြိမ်းချမ်းရေး
ကဏန်းအ၀ယ်ဒိုင်မှကိုမောင်ကျန်ကပြောကြားသည်။
ယခုလသြဂုတ်လပထမပတ်အတွင်းမှစပြီး
နတ်မြစ်ကမ်းခြေတစ်လျှောက်ရှိရခိုင်ဗုဒ္ဒဘာသာ
ဝင်ရေလုပ်သားတံငါသည်စခန်းများနှင့်ရေလုပ်သားများ အားလုံးကို အာအက်(စ်)အို
(ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး)အကြမ်းဖက်စစ်သွေးကြွအဖွဲ့ကသုပ်သင်ရှင်းလင်းသွားမည်ဟုဆိုသည့်သတင်းထွက်ပေါ်လာခဲ့ခြင်း
ဖြစ်သည်။
မည်သူမည်ဝါဖြစ်ကြောင်းအတည်ပြုရန်ခက်ခဲသည့်ဒေသဧည့်နေဘဂါင်္လီတစ်ချို့၏ထပ်ဆင့်ပု
ံကြီးချဲ့သတင်းခြောက်လှန်မှု့ကြောင့်ဒေသခံရေလုပ်သားများမှာဆက်လက်နေထိုင်မလုပ်ကိုင်ရ
ဲကြဘဲနေရပ်ပြန်သွားကြရခြင်းဖြစ်ကြောင်းနတ
်မြစ်ကမ်းခြေအောက်ပြုံးမကျေးရွာမှရေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
`ဒီလိုသတင်းတွေထွက်လာတဲ့အပေါ်မှာ သက်ဆိုင်ရာကလည်း စစ်ဆေးပြီးတာဝန်ယူ ဖြေရှင်းပေးဖို့လိုအပ်ပါတယ်၊နို့မို့ရင်လုပ်သားခက်ခဲမှုနဲ့ ဒေသစီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်ပါတယ်`ဟုနတ်မြစ်ကမ်းအောက်ပြုံးမ ကျေးရွာသားတစ်ဦးက ပြောသည်။
မြစ်မခမီဒီယာ