မိုးရွှာသန်းခြင်း မရှိပေမယ့် လေးမြို့ မြစ်ကမ်းနဘေးရှိ မြေနိမ့် ဒေသတစ်ချို့ တွင် ရေကြီးမှုထပ်မံဖြစ်ပွားနေ
(၂၁-၈-၂၀၁၃ ၊ လေးမြို့ ပြည်တွင်းသတင်း)
လွန်ခဲ့သော ရက်အနည်းက မိုးအဆက်မပြတ်ရွာသန်းမှုကြောင့် ယခုအခါလေးမြို့ မြစ်ကမ်းနဘေးရှိ မြေနိမ့်ဒေသတစ်ချို့ တွင် ရေကြီးမှုဖြစ်ပွားနေကြောင်း သိရသည်။
  လွန်ခဲ့သောရက်အပိုင်းအတွင်းကတောင်ပေါ်ဒေသများတွင်မိုးအဆက်မပြတ်
ရွာသန်းမှုကြောင့် တောင်ကျရေများသည် လေးမြို့ မြစ်မှ တဆင့် စီးဆင်းလာပြီး  မြစ်ကမ်းနဘေးရှိပတ်ဝန်းကျင်ဒေသများသို့ ရေလွှမ်းမိုးနေကြောင်း သိရသည်။
    ထို့ အတူ  လေးမြို့ မြစ်ကမ်းနဖူးပေါ်ရှိမင်းပြားမြို့အနီးပတ်ဝန်းကျင်ဒေသ
အချို့ သည်လည်း ရေကြီးနေကြောင်း သိရပြီး ဒီရေသည်လက်ရှိအခြေအနေ
တွင် စိုးရိမ်ဖွယ်အမှတ်နားသို့ ရောက်ရှိနေသော်လည်း မိုးရွာသန်းခြင်းမရှိသဖြင့် စိုးရိမ်ဖွယ်မရှိသေးဟု သိရသည်။
မာရုသူရ
Published with Blogger-droid v2.0.10
SHARE THIS