Wednesday, August 21, 2013
ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် ပဋိပက္ခ ဖြစ်ပွားရာတွင် ပါဝင် ပတ်သက်ခဲ့သူ များကို အချိန်မဆိုင်းဘဲ လျင်မြန်စွာ အရေးယူသင့်ကြောင်း သြဂုတ်လ ၂၀ရက်နေ့တွင် မြောက်ဥက္ကလာပ
မြို့နယ် ဗေသလ ကရင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် ဘုရားကျောင်း၌ ပြုလုပ်သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်း ညီညွတ်ရေး တွေ့ဆုံပွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက တိုက်တွန်း
ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဦးကိုကိုကြီးက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏အခြေခံအကြောင်းအရင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ပြီး
အချိန်မီ မဖြေရှင်းနိုင်ခြင်းကြောင့် ပြဿနာများ ပိုမို ကြီးထွားလာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
နိုင်ငံ၏ ဆင်းရဲ မွဲတေမှုသည် လိုအပ်ချက်များကို ဖြစ်ပေါ်လာစေပြီး ယင်း မကျေနပ်မှုများ များပြားလာခြင်းကြောင့် ပဋိပက္ခများကို ဖြစ်ပွားစေရန် တွန်းအားတစ်ခု ဖြစ်နေကြောင်း ဗေသလ ကရင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် ဘုရားကျောင်းမှ သင်းအုပ် ဆရာတော် ဦးစောအောင် ထွန်းဆောင်က ပြောကြားသည်။
ကိုးကွယ် ယုံကြည်မှု ကွဲပြားသော ဘာသာဝင်
များ အကြားတွင် နားလည်မှု ရှိရေးသည် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးကြီးဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး က
ရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစော
ထွန်းအောင်က ပြောကြားသည်။
အဆိုပါ ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွင် ဘာ
သာပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ အကြော
င်းအရာများကို ဆွေးနွေးခဲ့ကြပြီး ရန်ကုန်
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းရင်းသား
ရေးရာ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ဘာသာ လေးခုမှ ဘာသာရေး ခေါင်းဆောင်များ၊ ဘာသာအသီးသီးမှ ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူများ အပါအဝင် ၃၀၀ ဦ
းကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ ပွဲကျင်းပရေး ကော်မတီမှ သိရသည်။
The Voice Weeky