တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ် ရေးဗဟိုကော်မတီ ရေရှည်ရပ် တည်ရန်နှင့် လာဘ်ပေးလာဘ်ယူမှု ကာကွယ်ရန် ဖမ်းဆီးမိသည့်ကုန်စည် တန်ဖိုးများ၏ ၃၅ ရာခိုင်နှုန်း ခွဲဝေခွင့်ပြုရန် တောင်းဆို

Monday, August 12, 2013
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ ရေရှည်ရပ်တည်ရန်နှင့် မှောင်ခို
တင်သွင်းသူ ၀ိသမ လောဘသားများ၏ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုကို ကာကွယ်နိုင်ရန် ဖမ်းဆီးမိသည့် ကုန်စည်များ၏ တန်ဖိုးများ မှ ၃၅ ရာခိုင်နှုန်းအား ခွဲဝေခံစားခွင့်ပြုရန် တောင်းဆိုထားကြောင်း အဆိုပါ အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
အကျိုးခံစားခွင့် တောင်းဆိုရာတွင် သတင်းပေးများ အတွက် ၁၅ ရာခိုင်နှုန်း၊ နိုင်ငံတော် ဘဏ္ဍာအတွက် ၅၀ ရာခိုင်နှုန်း၊ တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အတွက် ၃၅ ရာခိုင်နှုန်းအထိ ခွဲဝေပေးရန် တောင်း
ဆိုထားကြောင်း သိရသည်။
''သတင်းပေး မရှိတဲ့အခါကျရင် နိုင်ငံတော် ဘတ်ဂျတ်ကို ၆၅ ရာခိုင်နှုန်းအထိ သွားမယ်။ ကျွန်တော်တို့ အနေနဲ့ မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးတဲ့ အခါမှာ ရေရှည်ရပ်တည် နိုင်ဖို့အတွက် ဆုကြေးခွဲဝေ ခံစားခွင့်ရဖို့ လိုအပ်တယ်။
ဒါမှလည်း ရေရှည်ရပ်တည်နိုင်မှာ ဖြစ်သလို ၀ိသမ လောဘသားတွေရဲ့ လာဘ်ပေး လာဘ်ယူဖို့ ဆွဲဆောင်မှုကိုလည်း ရှောင်ကွင်းနိုင်ပါမယ်''
ဟု ဦးညွန့်အောင်က ဆိုသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး
ဗဟိုကော်မတီ ဖွဲ့စည်းတည်ထောင်ပြီးသည့် ခုနစ်လတာ ကာလအတွင်း မူဆယ်-မန္တလေး လမ်းကြောင်း၊ မြ၀တီ-ရန်ကုန် လမ်းကြောင်း၊ မူဆယ် ထုတ်နုတ်အင်အား၊ တာချီလိတ် ထုတ်နုတ်အင်အား၊ တမူး ထုတ်နုတ်အင်အား၊ ကန်ပိုက်တီး (OSS) အင်အား စသည့် အဖွဲ့များဖြင့် ဖမ်း
ဆီးခဲ့ပြီး ပညာပေးကာလတွင် ခွင့်ပြုချက်မဲ့ ကုန်စည်များ တင်သွင်းခဲ့သည့်အတွက် ဖမ်းဆီးသည့် အမှုတွဲပေါင်း ၈၉ မှုနှင့် ကျပ်သန်းပေါင်း၃၉၄ ဒသမ ၉၁၃ ဖမ်းဆီးမိခဲ့ကာ အရေးယူ ကာ
လတွင် အမှုတွဲပေါင်း ၁၇၁၆ မှုနှင့် ကျပ်သန်းပေါင်း ၅၉၂၄ ဒသမ ၉၄၀ ဖိုး သိမ်းဆည်းခဲ့မိပြီးစုစုပေါင်း ကျပ်သန်းပေါင်း ၆၃၁၉ ဒသမ ၈၅၃သန်းအား နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျပ်သန်း ၆၀၀၀ ကျော် သိမ်းဆည်း နိုင်သည့်အတွက် ခံစားခွင့် ရရှိခဲ့ခြင်း မရှိသော်လည်း ဆက်လက်ဖမ်းဆီးမည့် လုပ်ငန်းစဉ်များတွင် ဖမ်းဆီးမိမည့် ကုန်စည်များအတွက် အကျိုးခံ
စားခွင့် တောင်းဆိုခြင်း ဖြစ်ကြောင်း
သိရသည်။

Eleven Media Group

Published with Blogger-droid v2.0.10

SHARE THIS