ရခိုင်ပဋိပက္ခများအပြီး ကမ္ဘာလှည့် ခရီးသည်မလာရောက်၍ မြောက်ဦးမြို့ရှိ ဟိုတယ်အားလုံးနီးပါး ပိတ်ထားရ


Thursday, August 22, 2013
ပဋိပက္ခများ ပြီးဆုံးသွားသော်လည်း ကမ္ဘာ
လှည့် ခရီးသွားများ ၀င်ရောက်မှု မရှိသေးသ
ဖြင့် မြောက်ဦးမြို့ရှိ ဟိုတယ်များအားလုံးနီး
ပါး ပိတ်ထားရကြောင်း ခရီးသွား လုပ်ငန်
းရှင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိမြောက်ဦးရှေးဟော
င်း အမွေအနှစ်နယ်မြေသည်ပြည်တွင်းပြည်
ပ ခရီးသွားများ စိတ်ဝင်စားမှုများသည့် ဒေသဖြစ်သော်လည်း ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်နားထားရသကဲ့သို့ ဟိုတယ်များလည်း
ပိတ်ထားခဲ့ရကြောင်းလုပ်ငန်းရှင်များကဆိုသည်။

ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်ဝင်းက"ဟိုတယ်တွေ အားလုံးနီးပါး ပိတ်ထားရတယ်။

ခရီးသွားတွေ မရောက်တော့ အဆင်မပြေဘူး။ ဖွင့်ထားရင်လည်း လာတည်းတဲ့လူက တစ်ပတ်မှာ နှစ်ယောက်သုံးယောက်ဆိုတော့
ရတဲ့ငွေနဲ့ ကုန်ကျစရိတ်က မကာမိဘူး ဖြစ်နေတယ်။
ဟိုတယ်လုပ်ငန်းတွေအားလုံး တစ်နှစ်လုံး အဆင်မပြေဘူး။ ပြီးတော့ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ဆက်နွှယ်နေတဲ့ တခြားလုပ်ငန်းတွေလည်း အဆင်မပြေဘူး ဖြစ်နေတယ်" ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် မြောက်ဦးသို့ နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု ကျဆင်းခဲ့သည့်အပြင် ပြီးခဲ့သော ခရီးသွား ရာသီအတွင်းက ပြည်တွင်းခရီးသွား လာရောက်မှုပါ ကျဆင်းခဲ့သည်
ဟု သိရသည်။
မြောက်ဦးဒေသသည်ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော်လည်း ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ခရီးသွားများ လာရောက်မှုကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း ဒေသခံများက သုံးသပ်သည်။

"ဟိုတယ်လုပ်ငန်းတွေ အဆင်မပြေသလို စားသောက်ဆိုင်တွေလည်း အဆင်မပြေကြဘူး။ ကား၊ မြင်းလှည်း အစရှိတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေလ
ည်း နားထားရတယ်။ ရခိုင်ပြည်နယ် အေးချမ်းမှသာ ခရီးသွားလုပ်ငန်း အဆင်ပြေမယ် ထင်ပါတယ်။
စားသောက်ဆိုင်တွေလည်း ရောင်းအား
ကျဆင်းသွားတာ တွေ့ရတယ်" ဟု မြောက်ဦးဒေသခံ ဒေါ်နီလာဝင်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လအနည်းငယ်ခရီးသွားကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ကန်
့သတ်နယ်မြေအဖြစ် မှပယ်ဖျက်လိုက်ပြီ ဖြစ်သည့်တိုင် ခရီးသွား ၀င်ရောက်မှု နည်းပါးဆဲဖြစ်သည်ဟု ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် နယ်မြေတည်ငြိမ်မှု အတန်အသင့် ရှိနေပြီ ဖြစ်သော်လည်း မိုးရာသီ ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်
မှု နည်းပါးနိုင်ခြင်းများကို ရင်ဆိုင်ရဦးမည်
ဖြစ်ကြောင်း သိရသည်။ မြောက်ဦးမြို့တွင်
ကမ္ဘာလှည့် ခရီးသည်များ တည်းခိုနိုင်သည့် ဟိုတယ်ခုနစ်ခုခန့်ရှိပြီး ခရီးသွားလုပ်ငန်း ကောင်းမွန်စဉ်ကတစ်နှစ်လျှင်ဧည့်သည်သောင်းဂဏန်းခန့်လာရောက်လေ့ ရှိသည်။

Eleven Media Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post