လှည်းကူးမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှုဖြစ်ပွား

Thursday, August 22, 2013
လှည်းကူး-ဖောင်ကြီးကားလမ်းပေါ်၌ အစ်ကိုဖြစ်သူ အား ထွက်ရှာသည့် အမျိုးသမီးငယ်တစ်ဦးအားအမည်မသိအမျိုးသားတစ်ဦးကအသုတ်ဆိုင်ပေါ်သို့ဆွဲခေါ်၍ သားမယားအဖြစ် အဓမ္မပြုကျင့် ခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁၆ ရက် ည ၁၀ နာရီခွဲက လှည်းကူးမြို့နယ် နန္တိကျေးရွာ အုပ်စု ညောင်ကုန်းကျေး ရွာနေ မ.....(၉)နှစ်သည် အစ်ကိုဖြစ်သူအိမ်ပြန်ရောက် မလာသေးသဖြင့် အစ်ကိုဖြစ်သူအား ထွက်ရှာစဉ် လှည်းကူး-ဖောင်ကြီး
ကားလမ်းမပေါ်၌လူသုံးဦးတွေ့ရှိပြီးနှစ်ဦးမှာဆက်လက်၍လမ်းလျှောက်သွားရာ ကျန်တစ်ဦးဖြစ်သည့် အသားမည်းမည်း၊ နှာခေါင်းပွပွ၊ အရပ်ငါးပေခန့်၊ အသက် (၃၀)နှစ်ခန့်(လူမြင်လျှင်မှတ်မိ)အမျိုးသားမှညောင်ကုန်းကျေးရွာအနီးလမ်းဘေးရှိအသုတ်ဆိုင်ပေါ်သို့ မ.....အားဆွဲခေါ်၍သားမယားအဖြစ်အဓမ္မပြုကျင့်ခံခဲ့ရ
သ ဖြင့် အဆိုပါဖြစ်စဉ်အား နေအိမ် သို့ပြန်လာ၍ အဒေါ်ဖြစ်သူနှင့် မိဘများအားပြောပြခဲ့ရာ ဖခင်ဖြစ်သူမှ ငါးဆူတောင် နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သဖြင့် ငါးဆူတောင်နယ်မြေ ရဲစခန်းက (ပ)၄၁/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆ ဖြင့် အမှု ဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူအား အမြန်ဖမ်းဆီးရမိရေး အတွက် စုံစမ်းစစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရ သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post