ချင်းပြည်နယ်တွင် မြို့နယ်ကိုးခုအနက် ရှစ်မြို့နယ်တွင် သယံဇာတများနှင့် သတ္တုများ တွေ့ရှိ


ချင်းပြည်နယ်တွင် မြို့နယ်ကိုးခု အနက်မှ ရှ
စ်မြို့နယ်တွင် သံယဇာတများနှင့် သတ္တုများ တွေ့ရှိထားကြောင်း ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းထံမှ သိရသည်။

သစ်တောနှင့် သတ္တုဝန်ကြီးဦးကျော်ငြိမ်းက ''ကျွန်တော်တို့ ပြည်ထောင်စု အစိုးရ အဖွဲ့ဆီကိုတောင်းဆိုထားတာ ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ခရိုင်သုံးခုနဲ့
မြိုနယ်ကိုးမြို့ရှိတယ်။ အဲဒီမှာ ထန်တလန်မြို့နယ်က လွဲပြီးတော့ ကျန်တဲ့မြို့နယ်တွေမှာ သံယဇာတတွေနဲ့ သတ္တုတွေကို တွေ့ရှိထားပြီး
လုပ်ကိုင်နိုင်ဖို့ အတွက်ပါ''ဟုပြောကြားသည်။

ယင်းသတ္တုနှင့် သယံဇာတများ တူးဖော်ရန်အတွက်
ကုမ္ပဏီများကို ကမ်းလှမ်းခဲ့မှုများ ရှိခဲ့သော်
လည်း ပြည်ထောင်စု အစိုးရအဖွဲ့ကလုပ်ကိုင်ခွင့် မပြုခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

''သတ္တုကိုတူးရင် သစ်တောတွေလည်း ပျက်စီးဖို့ များတယ်ဆိုလို့လည်း ကျွန်တော်တို့ကို ပြည်ထောင်စု
အစိုးရအဖွဲ့က လုပ်ကိုင်ခွင့် မပြုသေးပါဘူး။
ကျွန်တော်တို့ ပြည်နယ်က လူတော်တော် များများဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် မရှိသလောက် ရှားပါးနေပါတယ်'' ဟု ၀န်ကြီးဦးကျော်ငြိမ်းက ဆိုသည်။

ချင်းပြည်နယ်မှာ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်နေမှုမှာ ကြာမြင့်နေပြီး လက်ရှိတွင် အလုပ်အကိုင် အခွင့်အလမ်းများ မရှိသလောက် ရှားပါးနေသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် ချင်းပြည်နယ်ဒေသခံများမှာ ပြည်ပသို့ ထွက်ခွာသွားခြင်းနှင့် မြန်မာပြည်တွင်း စီးပွားဖြစ်ထွန်းမည့် နေရာများသို့ သွားရောက် လုပ်ကိုင်ခြင်းများ ရှိသဖြင့် ချင်းပြည်နယ်တွင် နေထိုင်သူ တဖြည်းဖြည်း နည်းပါးလာနေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိချင်းပြည်နယ်တွင် အဓိက စီးပွားရေး
လုပ်ငန်းမှာ '၀'ဥ စိုက်ပျိုးရေးလုပ်ငန်း၊ ကွမ်းစားဂမုန်း စိုက်ပျိုးရေး လုပ်ငန်းနှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြရသည်။

ချင်းပြည်နယ် သတ္တုသယံဇာတများ တွေ့ရှိထား
သော မင်းတပ်မြို့နယ်အား တွေ့ရစဉ် (ဓာတ်
ပုံ-အောင်ဇော်ထွန်း)
Eleven Media
Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post