လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်း ဖော်ဆောင်ဖို့အတွက်ဆိုပြီး သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးဖို့ စစ်ကိုင်းတိုင်း၊
ဆားလင်းကြီးမြို့နယ်ကရာချီတဲ့ဒေသခံတွေဟာ ဒီနေ့မနက်ပိုင်းက ကံကုန်းရွာနားမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ကံကုန်းကျေးရွာသားကိုအောင်စိုးက RFA ကို အခုလို ပြောပါတယ်။
“ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို
ယ်တိုင် ကျနော်တို့ရွာကို ၁၃ ရက် ၃ လ ၂ဝ၁၃ခုနှစ်က အစီရင်ခံစာနဲ့ ပတ်သက်ပြီး လာရောက်ရှင်းပြတဲ့အခါမှာ ကျနော်တို့ဘက်က စံပယ်တောင်၊ ကြေးစင်တောင်နဲ့ပဲ ပတ်သက်တာပါ၊
လက်ပံတောင်းတောင်နဲ့ မပတ်သက်ပါဘူး၊ စံပယ်တောင်၊ ကြေးစင်တောင်ဘက်က မြေယာလျော်ကြေးကို ရပါ့မလားဆိုတော့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ရင် အကုန်လုံးရပါလိမ့်မယ်ဆိုပြီးတော့ တာဝန်ခံပါတယ်၊ အထွေထွေအုပ်
ချုပ်ရေးမှူးရဲ့ ညွှန်ကြားရေးမှူး တစ်ယောက်ကလည်းဒါကိုကျနော်
တို့ထပ်ပြီးတော့ လက်ခံသွားတာပါ၊ ဒါတွေကို ယနေ့အချိန်ထိ လာရောက်ေ
ဖြရှင်းမပေးလို့ ကျနော်တို့အနေနဲ့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်”
လွန်ခဲ့တဲ့၁၉၈၇ခုနှစ်မဆလအစိုးရလက်
ထက်က ကံကုန်း၊ ဒုဏ်တော၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်းနဲ့ တယ်ပင်ခံစတဲ့ ကျေးရွာတွေကလယ်သမား၇ဝဝလောက်
ပိုင်တဲ့ လယ်ဧက ငါးထောင်ကျော်ကို လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာ
လို့ ရွာသားတွေက ပြောပါတယ်။
ဒီနေ့ဆန္ဒပြသူတွေတောင်းဆိုတဲ့အချက်
တွေကတော့ မြေယာလျော်ကြေးရရှိဖို့၊ ဦးပိုင်မိုးကြိုး ဆာလဖျူရစ်အက်ဆစ်စက်ရုံ ရွှေ့ပြောင်းပေးဖငို့၊ စီမံကိန်းအတွက် မလိုအပ်တဲ့မြေတွေကိုရွာသားတွေကိုပြန်
ပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြတာပါ။
ကြေးစင်တောင်နဲ့ စပယ်တောင် ကြေးနီစီမံကိန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ နီးပါး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်က အကောင်အထည်ဖေါ်ခဲ့တဲ့ စီမံကိန်းတွေဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိပါတယ်။
RFA
**********************************
လေးမြို့ သို့ သတင်းများပေးပို့ လိုပါက laymyo.myanmar@gmail.com သို့ သတင်းများပေးပို့ နိုင်ပါပြီ
ပေးပို့ လာသော သတင်းသည် လေးမြို့ သတင်းမီဒီယာ၏ စည်းမျဉ်းများနှင့် ကိုက်ညီ၊သင့်တော်မှုသော သတင်းဖြစ်ပါက ၂၄ နာရီအတွင်း ပြန်လည်ဖေါ်ပြပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။