မင်းပြားမြို့ နယ် ၊ သဲတန်းရွာအား မီးရှို့ တိုက်ခိုက်ရန် လာရောက်သူ ဘင်္ဂလီ (၂)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
၁၄.၈.၂၀၁၃ (လေးမြို့ ၊ ကြားဖြတ်သတင်း)
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ထိုအကြမ်းဖက်ဘင်္ဂလီများသည် မင်းပြားမြို့ နယ် ၊ စမ္ဘလေဘင်္ဂလီကျေးရွာမှ ဘင်္ဂလီများဖြစ်ကြပြီး ထိုအဖွဲ့ တွင် ဘင်္ဂလီအမျိုးသား(၄)ဦး နှင့် ဘင်္ဂလီအမျိုးသမီး(၁)ဦးတို့ ပါဝင်ကာ စမ္ဘလေကျေးရွာမှမော်လ၀ီဆရာ၏မဲနိုက်
ဆုံးဖြတ်ချက်အရ သဲတန်းကျေးရွာအား မီးရှို့ တိုက်ခိုက်ရန်လာရောက်ရသူများ ဖြစ်ကြောင်း စစ်ဆေးမေးမြန်းချက်အရ သိရသည်။ ထိုအဖွဲ့ မှ (၃)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း နှင့် ကျန်(၂)ဦးအား ဓါတ်ဆီပုလင်းများ ၊ ဓါး ၊ မီးခြစ်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသော ဘင်္ဂလီများအား မင်းပြားမြို့ ရှိ မြို့ နယ်လူမှုကူညီရေးအသင်း မှတဆင့် မင်းပြားမြို့ နယ် ၊ ပြည်သူ့ ရဲတပ်ဖွဲ့ သို့ ည(၂)နာရီခန့် လောက်တွင် သဲတန်းရွာသူ၊ရွာသားများက သက်သေခံပစ္စည်းများနှင့်အတူ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မာရုသူရ
(လေးမြို့ သတင်းမီဒီယာ)
Published with Blogger-droid v2.0.10
SHARE THIS