ဆီးဂိမ်းအတွက် အင်တာနက် မြန်နှုန်း ဂျပန်ကူညီ


Wednesday, August 14, 2013
ဆီးဂိမ်ပြိုင်ပွဲအတွက် လိုအပ်သည့် အင် တာနက်မြန်နှုန်းကို ဂျပန် ကူညီပေးထားသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
''ဆီးဂိမ်းပြိုင်ပွဲအတွက် Government to
Government (G to G) စနစ်နဲ့ ကူညီပေးတာ ပါ။ အခုစက်ပစ္စည်းတွေ ရောက်နေပါပြီ။ တပ်ဆင်ဖို့ပဲ လိုတော့တယ်။ အောက်တိုဘာလ ကုန်မှာ
တော့ စမ်းသပ် ထုတ်လွှတ် သွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦး ကပြောသည်။

အင်တာနက် မြန်နှုန်းတိုးမြှင့် ဆောင်ရွက် ခြင်းကို ဂျိုက်ကာ မှ
ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။
''မိုဘိုင်း အင်တာနက်စနစ်မျိုး ပုံစံပါ။
Broadband သုံးလို့ရတဲ့Long Time စနစ်ပေါ့။နိုင်ငံတကာအသုံးပြုမှုပုံစံအတိုင်းအင်တာနက် မြန်နှုန်းေ တွ ကောင်းမွန်မှာပါ''ဟု ၄င်းက ဆက် ပြောသည်။
ယင်းစနစ်စတင် တပ်ဆင်ပြီးပါက ဆီးဂိမ်း ကျင်းပမည့် မြို့များဖြစ်ေ သာ ရန်ကုန်၊ နေပြည် တော်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် အသုံးပြုခွင့်ပေးသွားမည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစား
ပြိုင်ပွဲတွင် ဆက်သွယ်ရေးကော်မတီတစ်ခု အပြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မိုဘိုင်းဖုန်း စနစ်နှင့် အင်တာနက် သုံးစွဲမှုစနစ်ကို အဓိကထား ဆောင်ရွက်ပေးနေကြောင်း သိရသည်။
လက်ရှိတွင် ဆီးဂိမ်းပွဲတော်ကျင်းပရန် ရက်ပေါင်း ၁ဝဝ ကျော်သာ ကျန်ရှိသော်လည်း ပြည်တွင်းအင်တာနက်မြန်နှုန်းမှာ ကောင်းမွန်မှု မရှိသေးကြောင်း အင်တာနက်သုံးစွဲသူများထံမှ သိရသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင် ဘာလ၁၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
အောင်ဇော်
Popular Myanmar News Journal

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post