အင်တာနက် နှင့် မီဒီယာအချို့၌ပျံ့နှံ့နေသည့် အသံဖိုင်ကိစ္စ မြန်မာ အမျိုးသား ကွန်ရက်ပါတီ ဥက္ကဌရှင်း

Wednesday, August 14, 2013
မြန်မာအမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌနှင့် အင်ပါယာနေ့စဉ်သတင်းစာဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးဖြစ်သည့် ဦးကောင်းမြင့်ထွဋ်ကမြန်မာ့နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသော ခေါင်းဆောင်များနှင့် ပတ်သက် ၍ ဝေဖန်ပြောစကာ
းအသံဖိုင်များအင်တာနက်စာမျက် နှာများနှင့်သတင်း မီဒီယာအချို့ ၌ ပျံ့နှံ့လျက်ရှိနေပြီး ယင်းအသံဖိုင် ဝေဖန်ချက်အချို့နှင့် ပတ်သက်၍ Hot
News က ဦးကောင်းမြင့်ထွဋ်ထံ ဆက်သွယ်၍မေးမြန်း အတည် ပြုခဲ့သည်များကိုရေးသားတင်ပြလိုက်ပါ
သည်။

“ကျွန်တော်လည်း မီဒီယာ ကိစ္စတွေ ၀င်လုပ်နေတာပဲလေ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကျွန်တော်နဲ့ ခုမှသိတာမဟုတ်ဘူး။ ဟိုငယ် ငယ်လေးကတည်းကသိခဲ့တာ အဲဒီတုန်းက ကျွန်တော်က Lectureရိုက်ခဲ့တယ်လို့ပြောတာမဟုတ်
ဘူး။ ကောင်းမြင့်ထွဋ်က ၄၅ မိနစ်ကြာအောင်ဒေါ်စုကို Lecture သွား ရိုက်တာ၊ အဘွားကြီးစိတ်ညစ်နေ ဦးမယ်ဆိုပြီး ပါလာတဲ့ သူတွေကပြောတာ။ ပြီးကျတော့ ကျွန်တော်ရှင်းပြတယ်။
အသံ ဖိုင်က ဘယ်လို လဲတော့မသိဘူး။ နောက်ပြီးတော့ ၀န်ကြီးတွေကို ကျွန်တော့် သတင်းစာယူဖို့နှုတ်မိန့်နဲ့ လုပ်တယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ နိုင်ငံရေးပွဲ တွေမှာ ရင်းနှီးခဲ့တဲ့ မွေး/ရေ ၀န်ကြီးဦးအုန်းမြင့်က သူနဲ့ ခင်တဲ့ အခါကျ
တော့ ကောင်းမြင့်ထွဋ်ရဲ့ သတင်းစာကို ၀န်ထမ်းတွေကို ယူခိုင်းရမယ်ဆိုပြီး နှုတ်မိန့်နဲ့ပြောတာ။ကျွန်တော်ပြောတာ
မဟုတ် ပါဘူး။ သူတို့မှာ
လည်းအားပေးချင်တဲ့စိတ်လေးလည်းရှိနေတယ်။ နောက်ဦးသုဝေတို့ ဦးခင်မောင်ဆွေ တို့ကိုပါတီထောင်ဖို့ကျွန်တော်ပဲ လုပ်ပေးခဲ့တာ ဒါအမှန်ပဲလေ။ အဲဒီလူတွေကို သွားမေးလိုက်။ ဦးသုဝေကိုဆိုလည်းဆုံးသွားရှာပြီ ဖြစ်တဲ့ ဦးရဲထွန်းတို့နဲ့ ဦးသုဝေလို လူမျိုးတွေကို ပခုံးထမ်းပြီးတင်ပေး ခဲ့ရတာ။ ၂၀၀၉ မှာလုပ်တဲ့ မြန်မာ့နိုင်ငံရေးသုံးသပ် ဆွေးနွေးပွဲဆိုတာကလည်း ကျွန်တော့်မှာရှိတာတွေကို ရောင်းချပြီးတော့ အခမ်းအနားတွေလုပ်ပေးခဲ့ရတာ။ ဦးခင်မောင် ဆွေဆိုလည်း ပါတီထောင်ဖို့ ကျွန်တော့်ကိုပထမဆုံးတိုင်ပင်ခဲ့တာ။ ဓာတ်ပုံအထောက်အထားတွေလည်းရှိတယ်။ ဦးခင်မောင် မောင်ဆွေလည်း အသိပဲ။ ကျွန်တော့်အနေနဲ့ကလည်း ဖြစ်လာ
သမျှကို တရားတဘောင်နဲ့ ရှင်းသွားဖို့ အားလုံးစီစဉ်ပြီးပါပြီ၊ မီဒီယာတွေအနေနဲ့ကလည်း ဒါကိုရေးမယ်ဆိုလည်း တရားဝင်ရေးလို့ရပါတယ်”ဟု ပျံ့နှံ့အသံဖိုင်ပါပြောစကားများအပေါ် ဦး
ကောင်းမြင့်ထွဋ်ကပြန်လည်ပြောကြား
သွားခဲ့သည်။

ပျံ့နှံ့အသံဖိုင်မှာ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းရုံး တွင်းပြုလုပ်သော အစည်းအဝေးမှပြောဆိုချက်များဟု သိရပြီး အလုပ်မှထုတ်ပယ်ခံရ၍ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ဟုဆိုသော ၀န်ထမ်းများမှ
တစ်ဆင့် ယင်းအသံဖိုင်မှာ အင်တာနက်စာမျက်နှာအချို့နှင့် သတင်းမီဒီယာ အချို့သို့စတင်ပျံ့နှံ့ ခြင်းဖြစ်ကြောင်းသိရသည်။

ခန့်ခန့်(ဒဿနိက)
Hot News Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post