ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယ အစိုးရ နေရပ်ပြန်ပို့

သြဂုတ်လ ၁၄ ရက် ၂၀၁၃
တိုက်ခိုက်ခံရမှုများကြောင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည့်ဘင်္ဂလားဒေ့ရှ်နိုင်င
ံရောက် ရခိုင် မျိုးနွယ်စုဝင် ၁၅၀၀ ကျော်ကို အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ် မြို့နယ်ရှိ အာတီဗာ
သိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက TheVoice သို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီမြို့နယ် တွင် ဘင်္ဂါလီ ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ရခိုင် မျိုးနွယ်စုဝင်များ က ပြန်ပေးဆွဲသည်ဟူသော ကောလာ
ဟလ သတင်း အခြေခံကာ ယင်းဒေသတွင် နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဖြစ်သည့် မရာမာ၊ သက်၊ ဒိုင်းနက်များကို ဘင်္ဂါလီများက နေအိမ်များကို မီးရှို့၊ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရဒေသများ
သို့ ထွက်ပြေး ခိုလှုံနေရကြောင်း အာတီဗာသိအဖွဲ့မှ သိရှိရသည်။

ယင်းဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် အစိုးရကနစ်နာကြေးအဖြစ် မိသားစု တစ်စုလျှင် တာကာ ၂၅,၀၀၀ (ကျပ်သုံးသိန်း ဝန်းကျင်) ကူညီပေးပြီး အိမ်မဲ့နေသူများအတွက် ယာယီ ရွက်ဖျင်တဲ
များ ဆောက်လုပ်ပေး ထားကြောင်း၊ ဆန်၊ ဆီ၊ဆား၊ ပဲ စသည့် စားနပ် ရိက္ခာများလည်း ကူညီထားပြီးအိမ်ဆောက်ပေးမည်ဟုလည်း ကတိပေးထားကြောင်း ဦးဦးထွန်းလှက ဆိုသည်။
“အိမ်တွေ ပြန်ဆောက်ပေးဖို့ ပြောတာပါပဲ။ ဘင်္ဂလား အစိုးရက ဘယ်တုန်း က ကတိတည်ဖူးလို့လဲ” ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကတိအတိုင်း လုပ်ဆောင်မှု အားနည်းခြင်းအပေါ် ၎င်းကမေးခွန်းထုတ် သည်။

သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက် ခံရမှုကြောင့် ရခိုင် မျိုးနွယ်စုဝင် ၁၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း၊ ယင်းတိုက်ခိုက်မှု တွင် ကျေးရွာ လေးရွာမှ အိမ်ခြေ ၃၅ လုံး မီးရှို့ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော်
ပျက်စီးခံခဲ့ရကြောင်း အာဒီဗာသိ (မွတ်ဆလင်မဟုတ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်
သည့် ဌာနေ တိုင်းရင်းသားများ အဖွဲ့) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။
တိုက်ခိုက်မှုတွင် ဦးဆောင်သူဟု ယူဆရသူ လေးဦးကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးပြီးသံသယရှိသူ ၃၀၀ ကျော်ကိုလည်း စာရင်း ပြုစုကာ လိုက်လံ ဖမ်းဆီးနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများ တွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်း နယ်အတွင်းဘင်္ဂါလီများက ရခိုင် မျိုးနွယ်စု များ အပါအဝင်အခြား လူမျိုးများအပေါ် တိုက်ခိုက်မှုသည်၂၀၁၃ ခုနှစ်တွင် ယခုအကြိမ်ဆိုလျှင် ငါးကြိမ်ရှိပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြ
သည်။

ခင်မောင်အေး
The Voice
-------------------------------------
လေးမြို့သတင်းမီဒီယာမှအသစ်ထပ်တိုးမည့် ကဏ္ဍသစ်များ
------------------------------------
လေးမြို သတင်းမီဒီယာမှ အစဉ်တဆက်ဖတ်ရှုအားပေးခဲ့ကြသော ပရိသတ်များအတွက် ယခုတင်ဆက်နေသောကဏ္ဍများအပြင် ကဏ္ဍသစ်များကိုပါ တိုးချဲ့ ထုတ်လွင့်မည်
ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါ
သည်။

လေးမြို့ မှ ယခုတင်ဆက်ပေးနေသည့် ကဏ္ဍသစ်များ

*** ပြည်တွင်းသတင်း ***
*** နိုင်ငံတကာသတင်း ***
*** အားကစားသတင်း ***
*** အနုပညာသတင်း ***
*** ကျန်းမာရေးသတင်း ***
*** နည်းပညာကဏ္ဍ ***
*** ဂျာနယ်/မဂ္ဂဇင်း ***
*** ရွှေဈေး/ငွေကြေးဈေးနှုန်း ***
*** မိုဘိုင်းကဏ္ဍ ***
*** စာအုပ်စင်ကဏ္ဍ ***
*** သီချင်းဥယျာဉ် ***
*** ပြည်သူ့ အသံ ***
တို့ ဖြစ်ပြီး အချိန်နှင့် တပြေးညီ တင်ဆက်ပေးသွား
မည် ဖြစ်ပါသည်။
လေးမြို့ သတင်းမီဒီယာအား Android ဖုန်းများတွင်
apk အဖြစ်ထည့်သွင်းအသုံးပြုလိုပါက အောက်ပါလင့်အား
နှိပ်ပြီး ဒေါင်းလော့ရယူနိုင်ပါပြီ။

Lay mro.apk

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post