Friday, August 16, 2013
လှေဖြင့်ခိုးဝင် လာသောကြောင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆူရာပွန်တိုဗီချက်ချိုင်ကူက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား သြဂုတ် ၁၄
ရက်က ထိုင်းနိုင်ငံ ဟွာဟင်းမြို့၌ တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘင်္ဂါလီလူမျိုး ၁၇၀၀ ကျော်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ထိုင်းနိုင်ငံသို့ ရေလမ်းကြောင်းမှ ခိုးဝင်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ စတင်ဖမ်းမိစဉ်က ၂၀၀၀ ခန့် ရှိခဲ့သော်လည်း ၃၀၀ ခန့်သည် ၎င်းတို့အား ဖမ်းဆီးထားခဲ့သည့် အချုပ်ခန်းများ အတွင်းမှ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။
''ကျွန်တော်တို့ အနေနဲ့ ဘင်္ဂါလီတွေကို ခြေ
ာက်လ စောင့်ရှောက်ထားခဲ့ ပြီးပါပြီ။ သူတို
့ကို ဘယ်လိုဆက်ပြီးဆောင်ရွက်ရမယ်ဆိုတာ နည်းလမ်းရှာနေပါတယ်'' ဟု ဆူရာပွန်က သတင်းောက်များကို ပြောကြားသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လူဝင်မှု ကြီးကြပ်
ရေး အကျဉ်းစခန်းများ၌ ဖမ်းဆီးထားသည့် ဘင်္ဂါလီများကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အကျဉ်းစခန်းများသို့ ရွှေ့ပြောင်းထားရန် လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ၀န်ကြီးဌာနက အဆိုပြု ထားကြောင်းသိရသည်။
ဦးဝဏ္ဏမောင်လွင်နှင့် ဆူရာပွန်တို့ ဆွေး
နွေးခဲ့ရာတွင် အဆိုပါ ဘင်္ဂါလီများအား တ
တိယ နိုင်ငံများသို့ ပို့ဆောင်နိုင်ရေးလည်း ပါ
ဝင်ကြောင်း သိရသည်။ ထိုင်းအစိုးရ အနေဖြင့်ဖမ်းဆီးထားသော ဘင်္ဂါလီများ အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ
မင်းကြီးရုံးနှင့် ဆွေးနွေးနေကြောင်း
ဆူရာပွန်က ပြောကြားသည်။
ထောင်ပေါင်းများစွာသော ဘင်္ဂါလီများသ
ည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ နယ်စပ် စခန်းများရှိ ဒုက္ခသည် စခန်းများတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် နေရာများမှ ပြည်ပနိုင်ငံများသို့ ခိုးထွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထိုင်းအစိုးရ အနေဖြင့် အဆိုပါ ဘင်္ဂါလီများကို
၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးသော်လည်း ၎င်းတို့သည် မည်သည့်နိုင်ငံသား ဖြစ်သည်ကို က
ွဲကွဲပြားပြား မဖော်ပြနိုင်ကြောင်း သိရ
သည်။
အဆိုပါ ဘင်္ဂါလီများ အရေးကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သို့ အ
စီရင်ခံစာ ပေးပို့သွားမည် ဖြစ်ကြောင်း
သိရသည်။
Eleven Media Group